E.T.S

Every Time Story

ပြည်တွင်းသတင်း

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက် အထိ တစ်ပတ်တာ ကံကြမ္မာ

ujidsfuihjfdguih

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက် အထိ တစ်ပတ်တာ ကံကြမ္မာ

ujidsfuihjfdguih

တနင်္ဂနွေ

jkdgfuidfuiohtgfh 1

မိတ်ဆွေဟောင်းများနဲ့ ပြန်လည်ဆုံတွေ့ရလိမ့်မည်။ စီးပွားရေး အခွင့်အလမ်းကောင်းများလည်း ပေါ်လာ မည်။ မရောက်ဖူးသော ဒေသများသို့ ရောက်ရှိသွားရလိမ့်မည်။ နေအိမ်အတွင်း ပြုပြင်ရှင်းလင်းခြင်းများကို ပြု လုပ်ရမည်။ အစိုးရ ကိစ္စများလည်း သွားtရောက် ဆောင်ရွက်ရတတ်သည်။ လျှပ်စစ်မီးများလည်း ပြုပြင်ရမည်။ စိတ်ပျော်ရွှင် ကျေနပ်စရာ ကြုံမည်။ ကုန်သည်များမှာ ပိုမိုမြတ်စွန်းမည့် ကုန်များ ရရှိလာလိမ့်မည်။ ဝန်ထမ်း များမှာ စကားအပိုဖြေရှင်း ပြောဆိုရမည်။ ပွဲစားများမှာ အသေးစား ပွဲခလေးများ ရလိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူပေးသော အကြံကောင်းများရမည်။ ကျန်းမာရေးတွင် မျက်ရိုးကိုက်မည်။ ခေါင်းကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၅/၈) ဖြစ်သည်။

ယတြာ။ သံဃာတော်ကို ကိတ်မုန့်လှူပါ။

တနင်္လာ

jkdgfuidfuiohtgfh 4

ကားအသစ် လဲလှယ်ရမည်။ အချို့မှာ ကားငှားရမ်းရမည်။ အိမ်နီးချင်း၏ ပွဲတစ်ခုခု သွားရမည်။ ပစ္စည်း အထားမှားသောကြောင့် ရှာမရ ဖြစ်လိမ့်မည်။ စီးပွားရေး အလုပ်များ ကောင်းမွန်လာမည်။ ငွေကြေးအချို့ မြုပ်နေပါက ပြန်ရလာမည်။ နေအိမ်သို့ စာရွက်စာတမ်းများ စာအုပ်များ စာရေး ကိရိယာများ ဝင်လာမည်။ သတင်းကောင်း ကြားသိရမည်။ စိတ်နည်းနည်း လေလွင့်လိမ့်မည်။ ကုန်သည်များမှာ ပစ္စည်းထားသော ဘီရို၊ ရှိုးကေ့စ်၊ နေရာစသည် ပြင်ရမည်။ ဝန်ထမ်းများမှာ မိမိအပေါ် အပြစ်တင်ခံရလိမ့်မည်။ ပွဲစားများ ပင်ပန်းသ လောက် အလုပ်မဖြစ်ဘဲ အချိန်ကုန်နေမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူအတွက် ကူညီဆောင်ရွက် ပေးရလိမ့်မည်။ ကျန်းမာရေးတွင် လျှာနာမည်။ သွားနာမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၃/၄/၇) ဖြစ်သည်။

ယတြာ။ စေတီတွင် နှင်းဆီအဖြူလှူပါ။

အင်္ဂါ

jkdgfuidfuiohtgfh 3

ကြီးသူကြောင့် သောကရောက်မည်။ ငွေအထွက်များမည်။ နေအိမ်အတွင်း ပြုပြင်စရာ ပေါ်လာလိမ့်မည်။အဝေးမှ ဧည့်သည်များ ရောက်လာမည်။ ခေတ်ဟောင်းက ပစ္စည်းများ အိမ်ကို ဝင်လာမည်။ စီးပွားရေးအလုပ် ကောင်းနေသော်လည်း ငွေသိပ်မကျန်နိုင်ပါ။ အဝတ်အစားများကို စွန့်ပစ်ရတတ်သည်။ အလှူခံများလည်း အိမ်ကို ရောက်လာမည်။ ကုန်သည်များမှာ ဖောက်သည်များထံမှ ငွေကြန့်ကြာနေမည်။ ဝန်ထမ်းများ အလုပ် ကိစ္စ ခရီးသွားရတတ်သည်။ ပွဲစားများမှာ အလုပ်နည်းနည်း ဖြစ်ပါမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူထံ အခြားတစ်ယောက် ကပ်သဖြင့် သောကရောက်ရမည်။ ကျန်းမာရေးတွင် နားနာမည်။ နားအသံစုံ ကြားနေ လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၅/၆/၉) ဖြစ်သည်။

ယတြာ။ သံဃာတော်ကို ပျားရည်လှူပါ။

ဗုဒ္ဓဟူး

jkdgfuidfuiohtgfh 5

အတိုက်အခံ တွေ့မည်။ လူလိမ်များ အိမ်ကို ရောက်လာတတ်သည်။ သတိထားပါ၊ လက်ဝတ်ရတနာ ဝင်ကိန်း ကြုံမည်။ စီးပွားရေး ကောင်းမွန်နေမည်။ အလုပ်လျှောက်ထားသူများ အလုပ်ရတတ်ပါသည်။ ဆွေ မျိုးများ ပြန်ဆုံတွေ့ပါမည်။ ယာဉ်များ ပြုပြင်ရမည်။ အစားကောင်း စားရမည်။ ဖိတ်စာများ အိမ်ကို ရောက် လာမည်။ စိတ်ပျော်ရွှင်စရာ များလိမ့်မည်။ ကုန်သည်များမှာ အရောင်းအဝယ် နည်းနည်းအေးစက် နေလိမ့်မည်။ ဝန်ထမ်းများမှာ သင်တန်းပေါ်ခြင်း၊ ပညာတိုးတက်ခြင်း ကြုံပါမည်။ ပွဲစားများမှာ မြေအရောင်းတည့် လိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူနဲ့ စိတ်ကောက် မခေါ်သော ကာလဖြစ်လိမ့်မည်။ ကျန်းမာရေး ယားယံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၇/၈) ဖြစ်သည်။

ယတြာ။ စေတီမှာ ပေါက်ပေါက်လှူပါ။

ကြာသပတေး

jkdgfuidfuiohtgfh 2

ဝါဝင်ခါနီးကာလ ဖြစ်သောကြောင့် ဝါဆိုသင်္ကန်း ကပ်လှူရန် စိတ်ရောက်နေမည်။ သစ်သီးများကို ယခု တလော စားဖြစ်ဝယ်ဖြစ်နေလိမ့်မည်။ စီးပွားရေး လုပ်ဆောင်စရာများသော်လည်း အခြားလူမှုရေး ကိစ္စများက ဝင်နှောက်နေလိမ့်မည်။ ငွေကြေးချေးငှားရတတ်သည်။ အချို့မှာ ရှိတာ ထုတ်ရောင်းခြင်း၊ ဘဏ်မှ ပြန်ထုတ် ရခြင်း ကြုံပါမည်။ ကုန်သည်များမှာ တပည့်အသစ်များ ဝင်လာမည်။ ဝန်ထမ်းများမှာ အပြင်လူနဲ့ အငြင်းပွား စရာ ကြုံပါမည်။ ပွဲစားများမှာ အတိုက်အခံ တွေ့ပါမည်။ အလုပ် မအောင်မြင်ချေ။ ငယ်သူများမှာ အချစ်ရေး တွင် ချစ်သူနဲ့ စကားများမည်။ သဘောကွဲမည်။ ကျန်းမာရေးကိစ္စများတွင် အစားအသောက်ပျက်မည်။ ခံတွင်း ပျက်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၆/၉) ဖြစ်သည်။

ယတြာ။ စေတီမှာ မြေပဲယိုလှူပါ။

သောကြာ

jkdgfuidfuiohtgfh 7

ကြာမြင့်ပြီဖြစ်သော မြှုပ်နေသည့်ပစ္စည်း အရောင်းထွက်မည်။ ကံကောင်းသော ကာလဖြစ်သဖြင့် မိသား စုအတွင်း ဝမ်းသာကျေနပ်ရမည်။ စီးပွားရေး တိုးချဲ့ လုပ်ဆောင်ရတတ်ပြီး အောင်မြင်မည်။ ငွေများများ ဝင် လာမည့် ကာလဖြစ်သည်။ မိမိလိုချင်သော ပစ္စည်းများလည်း ဝင်လာပါမည်။ အိမ်အတွက် နည်းနည်းငွေကုန် ပါမည်။ မိတ်ဆွေကောင်း တွေ့ပါမည်။ ကုန်သည်များမှာ အရောင်းအား တိုးတက်လာပြီး အလုပ်ပိနေပါလိမ့် မည်။ ဝန်ထမ်းများမှာ စိတ်ပျော်ရွှင်စရာ ကြုံပါမည်။ အစားကောင်း စားရမည်။ ပွဲစားများမှာ အရောင်းအဝယ် အောင်မြင်ပါမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့အတူ လည်ရမည်။ လက်ဆောင်ရခြင်း ကြုံမည်။ ကျန်း မာရေးကိစ္စများတွင် ခါးနာမည်။ ညောင်းညာမည်။ မောမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၅) ဖြစ် သည်။

ယတြာ။ သံဃာတော်ကို ချိုချဉ်လှူပါ။

စေန

jkdgfuidfuiohtgfh 6

အဝေးမှ ဧည့်သည်လာမည်။ တန်ခိုးကြီးဘုရားများသို့ သွားရောက်ရမည်။ ကားသစ်ဝင်မည်။ အလဲအထပ်လုပ်ရမည်။ ကားလိုင်စင် (သို့) လူလိုင်စင် အသိမ်းခံရမည်။ စက်အသစ် ဝင်မည်။ ငယ်သူအတွက် အပူတွေ့မည်။ စီးပွားရေး ကိစ္စများ ကောင်းမွန်နေသော်လည်း အြွေကးပေးထားသော ငွေအချို့ ဆုံးရှုံးပါလိမ့်မည်။ ကုန်သည်များမှာ လှောင်ကုန်လုပ်သူများ အမြတ်ရမည်။ သီးနှံဈေးကောင် မိမည်။ သာမန်ကုန်ပစ္စည်း ရောင်းသူများ အရောင်းအားကောင်းလာမည်။ ဝန်ထမ်းများမှာ အလုပ်မှ သက်သာနေပါမည်။ ပွဲစားများ အလုပ်မဖြစ် သေးဘဲ ရပ်တန့်နေပါမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကောင်းရမည်။ အလည်သွားရမည်။ ကျန်းမာရေး ကိစ္စတွင် ဖျားမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၅/၆) ဖြစ်သည်။

ယတြာ။ စေတီတွင် သပြေလှူပါ။

Facebook Comments

363 Shares

Comments are Closed

Powered by M.N.T

363 Shares
Share363
Tweet
Share
Pin