E.T.S

Every Time Story

ပြည်တွင်းသတင်း

ဘရာမဝတ်ပဲ လေဆိပ်ကို ရောက်ရှိလာတဲ့ MAMAMOO အဖွဲ့ဝင် Hwasa ရုပ်သံ

gfjshgkfljgkflhjgfhjgkfdhjgklfd68737658437684376857438657438 1

ဘရာမဝတ်ပဲ လေဆိပ်ကို ရောက်ရှိလာတဲ့ MAMAMOO အဖွဲ့ဝင် Hwasa ရုပ်သံ

gfjshgkfljgkflhjgfhjgkfdhjgklfd68737658437684376857438657438 1

MAMAMOO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Hwasa ကတော့ လတ်တလောမှာ ဘရာမဝတ်ပဲ လေဆိပ်ကို ရောက်ရှိလာတာကြောင့် လတ်တလောမှာ အွန်လိုင်းအသုံးပြုသူ ကိုရီးယားလူမျိုးတွေရဲ့ စိတ်ဝင်စား ၊ အာရုံစိုက်မှုကို ရရှိနေပါတယ် ။ လုံးကြီးပေါက် အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ သူမဟာ သူမရဲ့ ကိုယ်ခန္ဓာ အချိုးအစားနဲ့ ပတ်သတ်ပြီး မကြာခဏ ဆိုသလို လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိသူတစ်ယောက် ဖြစ်ပါတယ် ။

gfjshgkfljgkflhjgfhjgkfdhjgklfd68737658437684376857438657438 3
gfjshgkfljgkflhjgfhjgkfdhjgklfd68737658437684376857438657438 2

ဒါပေမယ့် ဘရာမဝတ်တာနဲ့ ပတ်သတ်ပြီး အများရဲ့ အာရုံစိုက် စိတ်ဝင်စားမှုကို ရရှိတာကတော့ ဒါက ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုရမှာပါ ။ Hwasa ဟာ MAMAMOO အဖွဲ့နဲ့အတူ ဟောင်ကောင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ SBS Super Concert ကို တက်ရောက်ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့မှာတော့ အင်ချွန်းနိုင်ငံတကာ လေဆိပ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။

gfjshgkfljgkflhjgfhjgkfdhjgklfd68737658437684376857438657438 1
gfjshgkfljgkflhjgfhjgkfdhjgklfd68737658437684376857438657438 4

အဲဒီနေ့တုန်းက လေဆိပ်ကို ရောက်ရှိလာတဲ့ သူမဟာ အဖြူရောင် တီရှပ်ပြောင်ကို ရိုးရှင်းစွာ ဝတ်ဆင်လာခဲ့ပေမယ့်လည်း အတွင်းမှာတော့ ဘရာလုံး၀ ဝတ်ဆင်လာခြင်း မရှိတာကို သိလိုက်ရချိန်မှာတော့ သူမရဲ့ ပရိသတ်တွေသာမက တခြားသော လူအများပါ အံ့အားသင့်ခဲ့ကြရပါတယ် ။ မြင်တွေ့သူ ပရိသတ်တွေကတော့ သူမ ဝတ်ဆင်လာခဲ့တဲ့ ဖက်ရှင်နဲ့ ပတ်သတ်ပြီး အံ့အားသင့် ဆွံ့အခဲ့ပေမယ့်လည်း သူမကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်နဲ့ အပြုံးတွေ ဆင်မြန်းပြီး လေဆိပ်ကို ရောက်ရှိလာတာကို တွေ့ရပါတယ် ။

gfjshgkfljgkflhjgfhjgkfdhjgklfd68737658437684376857438657438 1

သူမကိုယ်တိုင် ရွေးချယ် ဝတ်ဆင်လာတဲ့ ဖက်ရှင်နဲ့ ပတ်သတ်ပြီး ဝေဖန်ကြတဲ့ သူတွေလည်း ရှိကြသလို အကောင်းမြင်တဲ့ စိတ်နဲ့ အားပေးထောက်ခံကြတဲ့ ကိုရီးယားလူမျိုးတွေလည်း ရှိကြပြီး သိပ်မကြာခင်မှာ လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုကို ပေးနိုင်တဲ့ ဘရာမဝတ်တဲ့ ဖက်ရှင်က ကိုရီးယားမှာ ခေတ်စားလာဖို့ကိုလည်း မျှော်လင့်နေကြတယ်လို့ သိရပါတယ် ။

ဘရာမဝတ်ပဲ လေဆိပ်ကိုရောက်ရှိလာတဲ့ Hwasa ရုပ်သံ

Facebook Comments

Comments are Closed

Powered by M.N.T

730 Shares
Share730
Tweet
Share
Pin