E.T.S

Every Time Story

ပြည်တွင်းသတင်း

Victoria အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အပြင်းအထန်လှောင်ပြောင်ခံရ

fhdjaklfhfldjkaghfdjkghfjds58276584765849765847685496 1

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် Victoria အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အပြင်းအထန်လှောင်ပြောင်ခံရ

fhdjaklfhfldjkaghfdjkghfjds58276584765849765847685496 1

နေပြည်တော်ကောင်စီနယ်မြေ Wisdom Hill ပုဂ္ဂလိကကျောင်း၌ ဖြစ်ပွားခဲ့သော Victoria အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်မှာ လှောင်ပြောင်မှု အများဆုံးခံရသည့် Post တစ်ခုဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဇူလိုင်လ ၁၀ ရက်၊ ည ၈ နာရီဝန်းကျင်တွင် တင်ထားခဲ့သော ရဲဇာနည် Page စာမျက်နှာတွင် Victoria အမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြားအခြားသောအထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့် အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါကြောင်း ခေါင်းစဉ်ဖြင့်သတင်းထုတ်ပြန်သွားခဲ့ခြင်းဖြစ်သည်။

fhdjaklfhfldjkaghfdjkghfjds58276584765849765847685496 1
fhdjaklfhfldjkaghfdjkghfjds58276584765849765847685496 2

ယင်းသတင်းထုတ်ပြန်ချက်မှာ နာရီပိုင်းအတွင်းစိတ်ဝင်စားမှုရှိခဲ့သော်လည်း လှောင်ပြောင်တုန့်ပြန်မှု အပြင်းအထန်ခံရသည်ကို တွေ့ရှိရသည်။ သတင်းထုတ်ပြန်အပြီး ၃ နာရီအတွင်း၌ 33 K(၃၃၀၀၀ ကျော်) တုန့်ပြန်မှုရရှိခဲ့သော်လည်း လှောင်ပြောင်သည့်သင်္ကေတဖြစ်သော HaHa ဖြင့်တုန့်ပြန်မှုမှာ 24K (၂၄၀၀၀ ကျော်)အထိအများဆုံးဖြစ်ခဲ့သည်။ယင်းအပြင် Comments ပေါင်း 14K(၁၄၀၀၀) ကျော်ရှိခဲ့ရာ အများစုမှာ သရော်စာများဖြင့် ရေးသားတုန့်ပြန်ခဲ့ကြသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုန်ပြန်ချက်အပြည့်အစုံကို ဆက်လက်ဖော်ပြပေးလိုက်ပါသည်။

fhdjaklfhfldjkaghfdjkghfjds58276584765849765847685496 3

ရဲဇာနည်၏ သတင်းထုတ်ပြန်ချက် အပြည့်အစုံ

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် Victoria အမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြားအခြားသောအထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့် အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါကြောင်း။ CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး ယနေ့ BBC Facebook သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံမှ တရားဝင်လက်မှတ်ရေးထိုးပြန်ကြားသော သက်သေခံဆေးစာလည်း မပျောက်ပါသဖြင့် တရားရုံးသက်သေခံတင်ပြီးပါကြောင်း၊ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် မည်သည့်ဘက်မှမလိုက်ဘဲ စစ်ဆေးခဲ့ပါကြောင်း။

fhdjaklfhfldjkaghfdjkghfjds58276584765849765847685496 2

အချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ၊ Victoria အတွက် အလှူခံသည်ဟုအကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ပါကြောင်း။ Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိလျင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူပါမည်။

Facebook Comments
216 Shares

Comments are Closed

Powered by M.N.T