E.T.S

Every Time Story

ပြည်တွင်းသတင်း

ည ၁ နာရီကျော်မှာ ရူးချင်ယောင်ဆောင်ပြီး တိုက်ခန်းတံခါး လာခေါက်တာတဲ့ ခေတ်ကြီးက တော်တော်ပျက်နေပါပြီ

jfhgkfghfbfdjghfdughfdu7654756856938956859685943333333

ည ၁ နာရီကျော်မှာ ရူးချင်ယောင်ဆောင်ပြီး တိုက်ခန်းတံခါး လာခေါက်တာတဲ့ ခေတ်ကြီးက တော်တော်ပျက်နေပါပြီ

jfhgkfghfbfdjghfdughfdu7654756856938956859685943333333

တိုက်ခန်းမယ်နေကြတဲ့မိတ်ဆွေများသတိပြုနေကြစေချင်ပါတယ်။ မနေ့ညက ကျွန်တော့်သူငယ်ချင်းရဲ့ တိုက်ခန်းတံခါးကို အပြင်ဖက်ကနေ မရပ်မနားတံခါးလာခေါက်တာ ခံရပါတယ်။ တံခါးခေါက်သံမရပ်မနားကြားနေရလို့ သူငယ်ချင်းက ချောင်းကြည့်ပေါက်နား ကပ်ကြည့်လိုက်တော့ လူတစ်ယောက်က (ကတုံးနဲ့ မျက်နှာချွန်းချွန်းပုံရှိပါတယ်) တံခါးကို မရပ်မနားလာခေါက်နေတာပါ။

သူငယ်ချင်းက သူမသိတဲ့လူဖြစ်နေလို့ တံခါးကိုလုံးဝဖွင့် မပေးပါဘူး။ အဲ့ဒီ့အချိန်ဟာ ည ၁ နာရီကျော်ဖြစ်နေပါပြီ။ သူငယ်ချင်းရဲ့ အမျိုးသားက အလုပ်တာဝန်နဲ့ခရီးသွားနေရတော့ သူ့အိမ် မယ်သူငယ်ချင်းရယ်၊သားနှစ်ယောက်ရယ်ပဲ ကျန်ခဲ့တာပါ။ သားနှစ်ယောက်ကလည်း အခုမှ ၆နှစ် နဲ့ ၅နှစ် အရွယ် လူမမယ်ကလေးတွေပါ။ တိုက်ခန်းအောက်ထပ်မယ် ဈေးဆိုင်တွေရှိပေမယ့် မိုးချုပ်တော့ ပိတ်ကုန်ကြပါပြီ။တံခါးကလည်း အဆက်မပြတ်ခေါက်တုန်း။ပိုဆိုးတာက ကျွန်တော့်သူငယ်ချင်းရဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းမယ် လူမနေ ပါဘူး။ သားလေးနှစ်ယောက်ကတော့ အခန်းထဲအိပ်နေကြပါတယ်တဲ့။ အစကတော့ သူ့အမျိုးသားပြန်လာလို့ တံခါးခေါက် တယ် ထင်နေတာပါတဲ့။ အခန်းထဲကထွက်ကြည့်တော့မှ သူမသိတဲ့လူတစိမ်းဖြစ်နေတာကို မြင်လိုက်ရတာပါ။

jfhgkfghfbfdjghfdughfdu7654756856938956859685943333333

သူငယ်ချင်းက သူဘယ်လိုလုပ်ရမလဲလို့ ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ပါတယ် (ဖြစ်သင့်တာက အနီးအနားမယ်ရှိတဲ့ လူတွေဆီကို အကူအညီတောင်းရမှာပါ…ကြောက်နေတော့ဘာလုပ်ရမှန်းမဆုံးဖြတ်တတ်တော့တာ) ‘နင့်အခန်းနဲ့ အနီးစပ်ဆုံး၊ နင်ဖုန်းနံပါတ်သိတာ ဘယ်သူတွေရှိတုန်း’လို့ မေးပြီး အဲ့လူတွေဆီ ဖုန်းဆက်အကူအညီတောင်းလို့ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။အဲ့တော့မှ သူ့အခန်းကို ရေသန့်ပို့တဲ့ ကောင်လေး ဖုန်းနံပါတ်ကို လှမ်းဆက်လိုက်တယ်၊ တတိုက်ကျော်က အပ်ချုပ်ဆိုင်က ဖုန်းကိုဆက်တယ်၊ အောက်ဆုံးထပ်က အန်တီ့ဖုန်းကို ဆက်တယ်၊ အခန်းထဲမယ် စကားပြောသံကြားရအောင် တီဗီကို ဖွင့်လိုက်တယ်။ သူတီဗီဖွင့်လိုက်ပြီး ချောင်းကြည့်ပေါက်ကို သွားပြန်ကြည့် တော့ အဲ့လူ တံခါးခေါက်တာ ရပ်သွားတယ်တဲ့။

jfhgkfghfbfdjghfdughfdu7654756856938956859685943333333

သူငယ်ချင်းက ဖုန်းဆက် အကူအညီတောင်းထားတော့ အောက်ထပ်အခန်းက မိသားစုတွေနဲ့ အပ်ချုပ်ဆိုင်က ညီမလေး လင်မယားက အပေါ်ထပ်တက်လာပေးကြတော့ သူငယ်ချင်းရဲ့အခန်းဝကနေ တံခါးခေါက်နေတဲ့ မျက်နှာချွန်းချွန်းနဲ့ ကတုံး (အပေါ်ပိုင်း အဝတ်မပါ၊ခန္ဓာကိုယ်အောက်ပိုင်း အတွင်းခံပဲရှိ၊ အမူအရာ ဂနာမငြိမ်) ကို အောက်ထပ်အခန်းက ဦးလေးက ‘မင်းဘာကိစ္စရှိလို့ ငါ့အခန်းဝရပ်နေတာလဲ’ မေးတော့ ဘာမှပြန်မပြောဘဲ အော်ရီရင်း လူတွေရပ်နေတာကို တွန်းပြီး လှေကား ကနေပြေးဆင်းသွားပါတယ်တဲ့။

သူငယ်ချင်းလဲ သူ့ကိုကူညီမယ့်လူတွေလာမှ တံခါးဖွင့်ရဲပါ တယ်။ ဆက်လည်းမအိပ်ရဲတော့ပါဘူးတဲ့။အောက်ထပ် အခန်းက မိသားစုတချို့က ကူစောင့်ပေးမှနေရဲပါတယ်တဲ့။ ကျွန်တော့်သူငယ်ချင်းက အတော်လေးကြောက်တတ်သူပါ။ သူ့မယ် အခုလို စပြီးကြုံတွေ့ရတာနဲ့ သူဘာလုပ်ရမှန်းမသိတော့ပါဘူး။အဲ့လိုတွေ မဖြစ်ခင်ကမှ တခုခု ကြုံရသည်ရှိသော် ကြောက်တာ လန့်တာကို သိပ်ရှေ့တန်းမတင်ဘဲ ဘာကို စပြီးလုပ်ရမလဲ စဉ်းစားဖို့ သူ့ကိုပြော,ပြောနေတာပါ။

jfhgkfghfbfdjghfdughfdu7654756856938956859685943333333

သူ့မလည်း ယောကျ်ားခရီးထွက်ရင် လူမမယ် ကလေးနှစ်ယောက်နဲ့ နေခဲ့ရတာဆို တော့ ခက်သား။ ကျွန်တော့်မိတ်ဆွေတွေထဲ တိုက်ခန်းမယ်နေတဲ့သူတွေရှိရင် သတိထားကြပါလို့။ခေတ်ဆိုးခေတ်ပျက်ထဲ လူလာဖြစ်နေရတော့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ပြီးနေတတ်မှ တော်ကာကြမယ့် အခြေအနေပါ။

Facebook Comments

Comments are Closed

Powered by M.N.T

793 Shares
Share793
Tweet
Share
Pin