E.T.S

Every Time Story

ပြည်တွင်းသတင်း

တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးတွင် H1N1 လူနာ ၂ ဦးတွေ့ရှိ

tounggyimyotounggyi67548930657036754897658945885858588567

တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးတွင် H1N1 လူနာ ၂ ဦးတွေ့ရှိ

tounggyimyotounggyi67548930657036754897658945885858588567

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမျိုးသမီးနဲ့ ကလေးဆေးရုံကြီးမှာ ရာသီတုပ်ကွေးရောဂါ H1N1 positive လူနာ ၂ ဦးတွေ့ရှိတယ်လို့ ဇူလိုင် ၁၀ ရက်က ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဇူလိုင် ၉ ရက်က ၆ နှစ်အရွယ်ကလေးငယ်တဦး ရောဂါဖြစ်ပွားတာ စတင်တွေ့ရှိပြီး ဇူလိုင် ၁၀ ရက်မှာ မောင်နှမချင်းကူးစက်တဲ့အတွက် နောက်ထပ် ကလေးငယ် တဦးမှာ ရောဂါ ထပ်မံတွေ့ရှိတာ ဖြစ်ပါတယ်။ရှမ်းပြည်နယ် တခုလုံးမှာတော့ H1N1 positive လူနာ ၇ ဦးတွေ့ရှိထားတယ်လို့ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။

tounggyimyotounggyi67548930657036754897658945885858588567

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေကတည်းက ရှမ်းပြည်နယ်ထဲမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်တဲ့အတွက် အဲဒီရောဂါနဲ့ သေဆုံးသူ မရှိသေးဘူးလို့ သိရပါတယ်။ဒါ့အပြင် ရှမ်းပြည်နယ်ထဲမှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေပြီး ယခင်နှစ်ထက် ပိုမိုဖြစ်ပွားနေတယ်လို့လည်း ဒေါက်တာမျိုးထွန်းက ပြောပါတယ်။

H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ ဆေးကုသမှုခံယူနေပြီး ပြည်သူတွေ အနေနဲ့ စိုးရိမ်စရာမလိုဘဲ တကယ်လို့သံသယဖြစ်ရင် ဆေးရုံဆေးခန်းကို အချိန်မီလာပြပေးဖို့ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တိုက်တွန်းပါတယ်။ဇူလိုင် ၉ ရက်အထိ မြန်မာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရာသီတုပ်ကွေး သံသယလူနာ ၅၁၇ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူပေါင်း ၁၈၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

tounggyimyotounggyi67548930657036754897658945885858588567

ရာသီတုပ်ကွေးရောဂါ H1N1ကြောင့် သေဆုံးသူတွေဟာ အသက်ရွယ်ကြီးရင့်သူ၊ ငယ်လွန်းသူ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ အသက်ရှုလမ်းကြောင်းရောဂါ စတဲ့ နာတာရှည်ရောဂါ အခံရှိသူတွေဖြစ်တာကိုတွေ့ရှိရတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

Facebook Comments
239 Shares

Comments are Closed

Powered by M.N.T