အမြန်လမ်း ယာဉ်တိုက်မှုဖြစ်တဲ့ ယာဉ်အား စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်ဖြစ်နေဟုသိရှိရ….

85

အမြန်လမ်း ယာဉ်တိုက်မှုဖြစ်တဲ့ ယာဉ်အား စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်ဖြစ်နေဟုသိရှိရ….

ggg 15

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည် ယာဉ်အား စစ်ဆေးရာက လိုင်စင်မဲ့ယာဉ်ဖြစ်နေသဖြင့် အရေးယူထား

ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၉၄/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ ပလွေးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊

ggg 15

အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်အဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန် ဘက်မှ နေပြည်တော်ဘက်သို့ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဘူသီရိမြို့နယ်နေ ဝေဖြိုးပိုင်(၂၃)နှစ် မောင်းနှင်လာသော 7I/×××× VITZ အနက်ရောင်ယာဉ်သည် အခင်းဖြစ်နေရာအရောက်

ယာဉ်မောင်း အိပ်ငိုက်ကာ ကျောက်တံခါးမြို့နယ်၊ ခင်တိုကျေးရွာနေ ဦးစိုးညွန့် (၆၀)နှစ်မောင်းနှင်နေသော 9K/×××× TOYOTA TOYOTACE အဖြူရောင်ယာဉ်အား အနောက်မှ ဝင်ရောက်တိုက်မိ ခဲ့သည်။

ggg 15

ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ တန်ဖိုးငွေကျပ်(၂၅)သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့ပြီး 7I/×××× VITZ ယာဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဝေဖြိုးပိုင် မှ အထောက်အထား တစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသည့်အပြင် လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့်

ဝေဖြိုးပိုင် အား ပလွေးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ) ၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် လည်းကောင်း၊ (ပ)၉၈၀/၂၀၁၉၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အရေးယူထား ကြောင်း သတင်းရရှိသည်။

Facebook Comments
521 Shares