ပစ်တိုင်းထောင်ဇာတ်သဘင်’ကား တိမ်းမှောက်ဖြစ်ပွား…

112
378 Shares

ပစ်တိုင်းထောင်ဇာတ်သဘင်’ကား တိမ်းမှောက်ဖြစ်ပွား…

ppp

မင်းဘူးမြို့နယ်တွင် ‘ပစ်တိုင်းထောင်ဇာတ်’ အဖွဲ့သားများလိုက်ပါလာသည့် ယာဉ် တိမ်းမှောက်မှုဖြစ်ပွား…

၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ည ၉ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ ကသက်ကျေးရွာအနီး ကသက်ကျေးရွာနှင့် အိုင်းမကျေးရွာ သွား မြေသားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ

ppp

အိုင်းမရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နတ်မောက်မြို့နယ်၊ အင်းတော တောင်ဘက်ရွာနေ တင်ထွန်းအောင်(၄၀)နှစ်မောင်းနှင်ပြီး ပွင့်ဖြူမြို့နယ်၊ ချောင်းဆုံကျေးရွာမှ ဇာတ်ပွဲကပြီးပြန်လာသော‘ပစ်တိုင်းထောင်’ဇာတ်အဖွဲ့သား (၂၇)ဦးလိုက်ပါလာသည့် 2C××× ဖောကားအပြာရောင်(၆)ဘီးယာဉ်သည်

ppp

အခင်းဖြစ်နေရာ အရောက် ကားဝဲဘက်ရှေ့ဘီးမှာ သဲအတွင်း ကျွံဝင်သွားပြီး တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ကိုဝေလူး(၂၅)နှစ်ပါ(၉)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် တင်ထွန်းအောင်(၄၀)နှစ်အား စကုနယ်မြေရဲစခန်းယာဉ်(ပ)၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ ဖြင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Facebook Comments
378 Shares