သိန်း ၂၈၀၀၀ ကျော်ဖိုး မူးယစ်ဆေး များကို တောင်ငူတွင် စံချိန်တင်ဖမ်းမိ…

198

သိန်း ၂၈၀၀၀ ကျော်ဖိုး မူးယစ်ဆေး များကို တောင်ငူတွင် စံချိန်တင်ဖမ်းမိ…

crime 7

တောင်ငူမြို့နယ်၊ လွိုင်ကော်-လိပ်သိုလ်-တောင်ငူလမ်း လေးမိုင်စစ်ဆေးရေးဂိတ်တွင် မတ်လ ၁၃ ရက်၊ နံနက် ၁ နာရီကျော်က ဟီးနိုးကုန်တင်ယာဉ်တစ်စင်းကို စစ်ဆေးရာမှကျပ် သိန်း၂၈၀၀၀ ကျော်ဖိုးရှိ WY အမှတ်သားပါ မူးယစ်စိတ်ကြွဆေးပြား ဆယ်သိန်းနီးပါး စံချိန်တင်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

crime 7

“မသင်္ကာဖွယ်ကားကို ရပ်ခိုင်းတာမရပ်ဘဲ ထွက်ပြေးလို့ လိုက်လံဖမ်းဆီးရာက သပြေလှကျေးရွာနားမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ လွိုင်ကော်ဘက်ကလာတာလို့သိရပြီး ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ပေမယ့် အဖော်ပါတဲ့အမျိုးသားတိမ်းရှောင်သွားပြီး ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ချင်း ချိတ်ဆက်စုံစမ်းနေတယ်”ဟု ဖမ်းဆီးရာတွင်ပါဝင်သည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

crime 7

ဖမ်းမိပြီးနောက် ယာဉ်ကိုစစ်ဆေးရာ ကုန်ပစ္စည်းမျိုးစုံအောက်တွင် ပလက်စတစ်အကြည်ရောင်ဖြင့် ထုပ်ပိုးထားသည့် မူးယစ်ဆေး ၉၆၅၂၅၀ ပြားကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယာဉ်မောင်း ကိုထွန်းထွန်းလင်း (၃၅ နှစ်) ကို ဖမ်းဆီးရမိခဲ့သော်လည်း ကိုစိန်လွင်ဦး (၄၀ နှစ်) မှာမူ ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရှိရသည်။

crime 7

အမှုနှင့်ပတ်သက်ပြီး ကိုထွန်းထွန်းလင်းနှင့် ကိုစိန်လွင်ဦးတို့ကို တောင်ငူ အမှတ် ၃ နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)၊ ၂၀ (က)၊ ၂၁ ဖြင့် အမှုဖွင့်ကာ ဆက်စပ်တရားခံများ ဖမ်းမိရေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

Facebook Comments
1K Shares