ဂျပန်နိုင်ငံမှာ ချန်ပီယံခါးပတ်ကို ကာကွယ်သွားရမယ့် အောင်လအန်ဆန်း …

143
aunglalsan 2 2

ဂျပန်နိုင်ငံမှာ ချန်ပီယံခါးပတ်ကို ကာကွယ်သွားရမယ့် အောင်လအန်ဆန်း …

aunglalsan 2 2

လာမယ့်မတ်လ ၃၁ရက်နေ့မှာတော့ အာဆီယံသမိုင်းမှာ အကြီးကျယ်အခမ်းနားဆုံး အားကစားမီဒီယာတစ်ခုဖြစ်တဲ့ One Championshipကနေ ကြီးမှုးကျင်းပမယ့် A New Era လို့အမည်ရတဲ့ ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး MMA လောကမှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဂုဏ်ဆောင်ပေးနေတဲ့ အောင်လအန်ဆန်း (Burmese Python) ဟာ ဂျပန်နိုင်ငံသား ဟာဆီဂါဝါနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

aunglalsan 3 2

ဝိတ်တန်းနှစ်ခုမှာ ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေတဲ့ အောင်လအန်ဆန်းဟာ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို တတိယအကြိမ်မြောက် ကာကွယ်သွားရမှာဖြစ်ပြီး ဂျပန်နိုင်ငံသား ဟာဆီဂါဝါနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်သွားရမှာပါ။

aunglalsan 2 2

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဇွန်လမှာလည်း အောင်လအန်ဆန်းနဲ့ ဟာဆီဂါဝါဟာ မြန်မာနိုင်ငံမှာ ထိုးသတ်ခဲ့ဖူးပြီး ငါးချီမြောက်မှာ အောင်လအန်ဆန်းက အလဲထိုးအနိုင်ရခဲ့ကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ယခုတစ်ကြိမ်မှာတော့ အောင်လအန်ဆန်းဟာ ဟာဆီဂါဝါရဲ့မြေမှာ ပြန်လည်ယှဉ်ပြိုင်ထိုးသတ် ရမှာလည်းဖြစ်ပါတယ်။

aunglalsan 1 2

A New Era ပြိုင်ပွဲမှာတော့ main event အဖြစ် အောင်လအန်ဆန်းထိုးသတ်မယ့် ခါးပတ်ကာကွယ်ပွဲအပါအဝင် တွဲဆိုင်း၁၆ဆိုင်းအထိ ပါဝင်နေတာကြောင့် MMA ပရိသတ်ကြီးအနေနဲ့ တစ်ဝကြီး စောင့်မျှော်ကြည့်ရှု အားပေးရမှာ ဖြစ်ပါတယ်။

aunglalsan 3 2

အောင်လအန်ဆန်းအနေနဲ့ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို အကောင်းဆုံး ကာကွယ်ပြီး ဂျပန်နိုင်ငံမှာ မြန်မာ့အလံကို လွှမ်းခြုံနိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ရပါတယ်

Facebook Comments
4K Shares