ပြိုင်ဘက်ကို နိုင်ချင်ပေမယ့် မနာစေချင်ဘူးလို့ပြောလာတဲ့ ဖိုးသော်…

73

ပြိုင်ဘက်ကို နိုင်ချင်ပေမယ့် မနာစေချင်ဘူးလို့ပြောလာတဲ့ ဖိုးသော်…

pho 1 1

ပြီးခဲ့တဲ့ ရက်က မြန်မာကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ကစားပြီး ပြိုင်ဘက်ကစားသမားကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို တခဲနက်ရရှိနေတဲ့ MMA ကစားသမား ဖိုးသော်ကတော့ အရင်တုန်းက ပရဟိတအလုပ်တွေလုပ်ခဲ့တာကြောင့်မို့လို့ တစ်ခါတစ်လေ စင်ပေါ်မှာ ထိုးနေရင်း နိုင်ချင်ပေမယ့် သူများကိုလည်း မနာစေချင်ဘူးဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

pho 3 1

ဖိုးသော်က “အရင်က ကျွန်တော်က သွေးလှူတဲ့ ပရဟိလုပ်ငန်းမှာ ကျွန်တော်က Founder ပေါ့နော် ကျွန်တော်က ပရဟိတပဲ တောက်လျှောက်လုပ်ခဲ့တာ ၂၀၀၈ ကစပြီးတော့ ပရဟိတလုပ်နေရင်းနဲ့မှ ကျွန်တော် လက်ဝှေ့ဝါသနာပါလို့သင်ပြီးတော့ ကစားဖြစ်တယ်။ အဓိကတော့ ကျွန်တော်ကျန်းမာရေးကြောင့်ပေါ့နော် ကျန်းမာရေးကြောင့် အားကစား ကစားဖြစ်တာ ဝါသနာပါတာကတော့ မာရှဲလ်ပေါ့နော် မကစားဖြစ်ဘူး ဒါပေမဲ့ ကျန်းမာရေးက မကောင်းတဲ့မခါကျတော့ မဖြစ်မနေ ကစားဖို့လိုလာတော့ ကျွန်တော် လက်ဝှေ့စပြီးကစားတာ။

pho 4 1

လက်ဝှေ့ကစားရင်းနဲ့ ထိုးချင်စိတ်ပေါ်ပြီးတော့ စထိုးဖြစ်တာ ထိုးတော့လည်း Professional ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ထိုးတာမဟုတ်ပါဘူး ဒီအတိုင်းပဲ အပျော်သဘောပဲ ထိုးရင်းနဲ့ ဒီလို Professional ဖြစ်လာတယ်။ ပရဟိတကတော့ ကျွန်တော်တို့က ကူညီတာပေါ့နော် လူတွေကို ကိုယ်တတ်နိုင်သလောက် အားကစားမှာကတော့ ကျွန်တော်တို့ မာရှဲလ်ရဲ့ သဘောတရားက တစ်ယောက်နဲ့တစ်ယောက် နာကျင်အောင် လုပ်ကြရတယ် ယှဉ်ပြိုင်ရတာ အလဲထိုးရတာဆိုတော့ ဘာမှတော့ မဆိုင်ဘူးပေါ့နော် တစ်ခါတစ်လေကျရင် စင်ပေါ်မှာ ကစားရင် နိုင်ချင်တယ် ဒါပေမဲ့ သူများကိုလည်း မနာစေချင်ဘူး။ အဲ့လိုမျိုးပေါ့နော် စိတ်ကရှင်းရှင်းပြောရရင် သူများနာနေတာမြင်ရင်လည်း စိတ်တော့မကောင်းဘူး။ ကိုယ်နိုင်တော့လည်း ဝမ်းသာတယ် ပြောရခက်တယ် စိတ်ထဲမှာ ကိုယ်နိုင်ပြီး စိတ်မကောင်းတဲ့ အခေါက်တွေလည်းရှိတယ်။”လို့ ပြောသွားခဲ့ပါတယ်။

pho 5 1

စင်ပေါ်ရောက်ရင် အများဆုံးရင်ဆိုင်ရတဲ့ ဖိအားအကြောင်းနဲ့ ပတ်သက်ပြီး “အဓိကတော့ မိမိကိုယ့်ကိုပဲပေါ့နော် ကိုယ်အရမ်းပင်ပန်းလာတဲ့အခါ ရှုံးမလိုဖြစ်တဲ့ အခါမှ မနည်းပြန်ကြိုးစားပြီးတော့ ရုန်းကန်ရတာပေါ့နော် အဓိကတော့ ကိုယ့်ရဲ့ အစေားကြီးကတည်းက ဆော့ထဲက ကျန်းမာရေးကလည်း သိပ်မကောင်းတဲ့ အခါကျတော့ ကျန်းမာရေးအရ သူများနဲ့ ယှဉ်ရင် အမြဲတမ်ကြံ့ခိုင်မှုအပိုင်းအားနည်းတယ်။ သက်လုံလည်း မကောင်းဘူးပေါ့နော်။ အဲ့အပိုင်းလည်း အဓိက ကျွန်တော့်အတွက် ဖိအားတွေပေါ့ အဲ့တာတွေ အကုန်လုံးကို ကျွန်တော် Training မှာလည်း အရမ်းအပင်ပန်းခံပြီးတော့ ပြင်ဆင်ရတယ်။ ပွဲကျရင်လည်း အဲ့လိုပေါ့ သေချာလေးကစားရတယ်ပေါ့နော်။ ကိုယ့်ရဲ့ အားနည်းချက်ကို Cover လုပ်ပြီးကစားရတာပေါ့နော် အရမ်းကြီး သိတယ်မလား အားနည်းချက်ရှိတာကို ဂရုမစိုက်ဘဲ ကစားလိုက်ရင် ကျွန်တော်တို့ ပွဲတွေမှာ တော်တော်များများ နိုင်ဖို့မလွယ်ဘူး ကျွန်တော်တို့မှာ အားနည်းချက်က အများကြီးရှိတယ်။”လို့ ပြောသွားခဲ့ပါတယ်။

pho 2 1
pho 6 1

စင်ပေါ်မှာ ရှုံးခဲ့တဲ့ အချိန်တွေက ပြိုင်ဘက်ကို သနားတဲ့ စိတ်ကြောင့်လားလို့ မေးမြန်းရာ “ကိုယ့်ရဲ့ လေ့ကျင့်မှုနဲ့ပဲ ဆိုင်တာပေါ့နော် စင်ပေါ်မှာ သူများကို သွားသနားလို့မရဘူး။ သူတို့ကလည်း ကိုယ့်ကို ညှာမှာမဟုတ်ဘူး။ ကိုယ့်ဘက်ကလည်း သူတို့ကို အလျှော့ပေးလိုက်ရင် အန္တာရယ်များတယ်ပေါ့နော် အဲ့တော့ အကောင်းဆုံးတော့ လေ့ကျင့်တယ် ပြီးရင် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် စင်ပေါ်မှာ ယှဉ်ပြိုင်တယ်။

pho 7

အဲ့တော့ သူတို့တွေ သွေးတွေဘာတွေ ထွက်နေလဲ စိတ်က သနားတာတော့ မဟုတ်ဘူးပေါ့နော် စိတ်မကောင်းတော့ နည်းနည်းဖြစ်တာပေါ့နော် သွေးတွေနဲ့ဆိုတော့။ ဒါပေမဲ့လည်း ပွဲကိုတော့ ဆက်လက်ပြီးဆုံးအောင် ယှဉ်ပြိုင်ရတာပေါ့နော် ပြီးတော့မှသာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် Respect ပေးကြတာပေါ့နော်။ ကျွန်တော်သွေးတွေထွက်နေလဲ တစ်ဖက်လူက ကျွန်တော့်လိုစိတ် ထားချင်မှထားမှာ အဲ့တော့ ကျွန်တော်တို့က ကစားတဲ့နေရာမှာ အားကစားစိတ်ဓာတ်နဲ့ ကစားရမယ်။ ပရဟိတ စိတ်ဓာတ်က သပ်သပ်မဆိုင်ဘူး ဒါပေမဲ့ အဲ့လိုပေါ့ နည်းနည်းလေးတော့ စိတ်ရင်းခံလေးနဲ့တော့ရှိတာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

Facebook Comments
2K Shares