E.T.S

Every Time Story

ပြည်တွင်းသတင်း

အောင်ကြီးရဲ့ထွက်ဆိုချက် နဲ့ သမီးလေး ဗစ်တိုရီးယားရဲ့ အသံဖိုင်

gfjdhskkkksjf463546325353535

တရားခံ အဖြစ်သတ်မှတ်ခံနေရတဲ့ကားဆရာ အောင်ကြီးရဲ့ထွက်ဆိုချက် နဲ့ သမီးလေး ဗစ်တိုရီးယားရဲ့ အသံဖိုင်

gfjdhskkkksjf463546325353535

အမှန်တရားဘက်ကို ရပ်တည်ပေးကြပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်”

ဗစ်တိုးရီးယားအမှုတွင် ပြစ်မှုကျူးလွန်သည်ဟုဆို ဖမ်းဆီးတရားစွဲခံထားရသော ကိုအောင်ကျော်မျိုး (ခ)အောင်ကြီးကို မိသားစုဝင်များက ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အချုပ်ထောင်တွင် သွားရောက်တွေ့ဆုံခွင့် ရရှိခဲ့သည်။ တွေ့ဆုံခွင့်ရခဲ့သော မိသားစုဝင်တစ်ဦး၏ ပြန်လည်ပြောကြားချက်များကို အခြေခံ၍တွေ့ဆုံမေးမြန်မှုအဖြစ် ဖော်ပြခြင်းဖြစ်ပါသည်။

AKH : ကျောင်းမှာ အလုပ်လုပ်တာ ဘယ်နှစ်ရက်ရှိပြီလဲ။

AKM : အလုပ်စဆင်းတဲ့နေ့မှာ အဲ့လိုစဖြစ်တာပဲ။ ကျွန်တော် ဒီကလေးလေးကို မြင်တောင်မမြင်ဖူးဘူး။

AKH : အဲဒီနေ့ ဖြစ်တယ်ဆိုတဲ့နေ့က ကျောင်းထဲ ဘာကိစ္စနဲ့ ရောက်တာလဲ။

gfjdhskkkksjf463546325353535

AKM : ကျွန်တော်က ဆရာမကြီးခေါ်လို့ ဝင်တယ်။ အခွေပေးတယ်၊ ကျွန်တော်မောင်းတဲ့ ကားကမလာသေးလို့၊ ဆရာမကြီး (ဒေါ်ဥမ္မာလှိုင်) ထိုင်ခိုင်းလို့ ကျွန်တော်ထိုင်နေတာပါ။ ထိုင်စောင့်ခိုင်းလို့ စောင့်နေတာ။ ကျွန်တော်ထိုင်စောင့်နေတာကို ဆရာမတွေ မြင်တယ်။ ကျွန်တော်ပြန်ထွက်တော့လည်း ဆရာမတွေမြင်တယ်။ ကျွန်တော်ကို ၂၄ ရက်နေ့အထိ ခေါ်ချုပ်ထားပြီး စိတ်ကြိုက်စစ်ဆေးပြီးသွားပြီ၊ ဆေးစာအရ DNA တွေ ဆရာဝန်တွေရဲ့ဆေးစာတွေ ယူလာပြီး အောင်တယ် အပြစ်မရှိဘူးလို့ဆိုပြီး ပြန်လွတ်ပေးတယ်။ တရားခံရှာ မတွေ့ဘူးဆိုမှ ကျွန်တော်ကို တရားခံဆိုပြီးပြန်ဖမ်းထားတယ်။

AKH : ထောင်ထဲမှာ ရိုက်နှက်ခံရတာတွေ ဘာတွေရှိလား။

AKM : လောလောဆယ် ကျွန်တော်ကို တိုက်ထဲပို့ထားတယ်။ အဆောင်ထဲပို့ရင် ရိုက်မှာစိုးလို့ ကျွန်တော်ကို သီးသန့်ခွဲထားတယ်။ ခရိုင်မှာတုန်းက အရိုက်ခံရတယ်။ အချုပ်ထဲထည့်ထားတုန်းက အချုပ်ထဲက လူတွေ (ထောင်သာ) ရိုက်တာ။

AKH : ခု ဒဏ်ရာတွေ ဘာတွေရှိလား။ ဆေးခန်းပြရလောက်အောင်ပေါ့။

gfjdhskkkksjf463546325353535

AKM : မရှိပါဘူး။ နည်းနည်းတော့ ထိထားတယ်ခါးမှာ ညိုနေတယ် (အကျီကို မြှောက်ပြ)၊ခေါင်းမှာ ဖုနေတာရှိတယ်။

AKH : ဘာထပ်ပြောချင်သေးလဲ။

AKM : ကျွန်တော်မဟုတ်ပါဘူး။ အဲ့ ကလေးလေးကိုလည်း ကျွန်တော်မမြင်ဖူးပါဘူး။ ကျွန်တော်ကို ကူညီပေးကြပါ။ မဟုတ်ဘဲနဲ့ စွပ်စွဲခံရတဲ့အတွက် ထောင်ထဲမှာ နေနရပါပြီ။အမှန်တရားဘက်ကို ရပ်တည်ပေးကြပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။

AKH : အရင်ထောင်ကျဖူးတယ်ဆိုတာ ဟုတ်လား။

AKM : ကျဖူးတယ်။ ဆေးမှုနဲ့ ကျတာပါ။ ဆေးခြောက်သုံးမှုနဲ့ပါ။

AKH : ဘယ်လောက်ကျခဲ့တာလဲ။

AKM : ၆ နှစ်ကျတာပါ။ ၂၀၁၉ သြင်္ကန်မှာ သမ္မတကြီးလွှတ်တဲ့အချိန်က ပြန်လွတ်ပါတယ်။ နှစ်နှစ်နဲ့ ၈ လလောက်နေခဲ့ရတယ်။ ထောင်ထွက်တစ်ယောက်ဆိုတဲ့ စကားတစ်ခွန်းနဲ့ တော်တော်များများက နှိပ်ကွပ်ကြတာလည်း ပါတယ်။ ထောင်ထွက်တိုင်း အဲ့ဒီလိုစိတ်ရှိကြတာမှ မဟုတ်တာဗျာ။ (မျက်ရည်သုတ်ရင်းပြော)။ ကျွန်တော်ကို ကူညီပေးကြပါဦး။

ဒါက သမီးငယ်လေး ဗစ်တိုရီးယား ရဲ့ အသံဖိုင်ပါ

Facebook Comments

Comments are Closed

Powered by M.N.T

3K Shares
Share3K
Tweet
Share
Pin