ဟာဆီဂါဝါ ကို ထပ္ျပီးအနိုင္ယူမယ္ဆိုတဲ့ ေအာင္လအန္ဆန္

880
14K Shares

ဟာဆီဂါဝါ ကို ထပ္ျပီးအနိုင္ယူမယ္ဆိုတဲ့ ေအာင္လအန္ဆန္

ဂ်ပန္နိုင္ငံ၊ တိုက်ိဳၿမိဳ႕တြင္ ျပဳလုပ္မည့္ One မစ္ဒယ္ဝိတ္ ကမၻာ့ခ်န္ပီယံခါးပတ္ကာကြယ္ပြဲ ပြဲစဥ္တြင္ ကန္ဟာဆီဂါဝါ ႏွင့္ ျပန္လည္ယွဥ္ၿပိဳင္ထိုးသတ္မည့္ပြဲကို အနိုင္ရမည္ဟု ယုံၾကည္ေၾကာင္း ေအာင္လအန္ဆန္ က ေျပာသည္။

” ကန္ဟာဆီဂါဝါ ပြဲ ပထမအခ်ီမွာ အၿပီးသတ္ ႀကိဳးစားမာွပါ။ ကၽြန္ေတာ္ သူနဲ႔လည္း ၅ ခ်ီ ကစားဖူးၿပီးပါၿပီ။ သူ ဘာလုပ္မလဲဆိုတာ ကၽြန္ေတာ္ နားလည္တယ္။ ကၽြန္ေတာ္ နိုင္မယ္လို႔လည္း ယုံၾကည္တယ္ ။ သူ႔ ပြဲေတြကို လည္း ေလ့လာျဖစ္ပါတယ္။ ကၽြန္ေတာ္ရဲ့ဆရာနဲ႔လည္း ဒီပြဲမွာ အေကာင္းဆုံးကစားနိုင္ေအာင္ Training မွာ အေကာင္းဆုံး ႀကိဳးစားေနပါတယ္။ ဒီပြဲက အေကာင္းဆုံးပြဲျဖစ္မယ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္။ အရင္က ထက္ ပိုေလ့က်င့္ျဖစ္ပါတယ္။ အရင္ပြဲေတြထက္ ပိုေကာင္းေအာင္ ႀကိဳးစားေနပါတယ္ ” ဟု ေအာင္လအန္ဆန္ က ေျပာသည္။

ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Rose Garden Hotel ၌ ျပဳလုပ္သည့္ အြန္လိုင္းသတင္းစာရွင္းလင္းပြဲ တြင္ ေျပာခဲ့ျခင္း ျဖစ္သည္။

ယခင္တစ္ေခါက္က ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၂၉ ရက္ေန႔က ျမန္မာနိုင္ငံတြင္ ျပဳလုပ္သည့္ ONE: SPIRIT OF A WARRIOR ပြဲတြင္ ဂ်ပန္မွ စိန္ေခၚသူ ကန္ဟာဆီဂါဝါကို ေအာင္လအန္ဆန္က ငါးခ်ီျပည့္ ထိုးသတ္ကာ အနိုင္ယူခဲ့ျခင္း ျဖစ္သည္။

လာမည့္ မတ္ ၃၁ ရက္၊ ဂ်ပန္နိုင္ငံ၊ တိုက်ိဳၿမိဳ႕ Ryogoku Kokuhikan မိုးလုံေလလုံအားကစားၿပိဳင္ပြဲ႐ုံတြင္ ဂ်ပန္နိုင္ငံ၌ (MMA) ကမၻာ့ကိုယ္ခံပညာေပါင္းစုံၿပိဳင္ပြဲကို က်င္းပမည္ ျဖစ္ၿပီး အဓိက ခ်န္ပီယံခါးပတ္လုပြဲ သုံးပြဲ ထည့္သြင္းထားကာ ကန္ဟာဆီဂါဝါ ႏွင့္ေအာင္လအန္ဆန္တို႔၏ ဒုတိယအႀကိမ္ MMA ကမၻာ့မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံခါးပတ္ ကာကြယ္ပြဲလည္း ျဖစ္သည္။

ေအာင္လန္အန္ဆန္က ” အားေပးတဲ့ ပရိသတ္ေတြကို ကၽြန္ေတာ္ရဲ့တိုင္းျပည္၊ သူရဲ့တိုင္းျပည္ မခြဲပါဘူး ။ ကၽြန္ေတာ့အေနနဲ႔ ဘာမွ မထူးပါဘူး။ ကစားတဲ့အခ်ိန္မွာ အားထည့္ၿပီး ကစားတယ္။ ကၽြန္ေတာ့ကို အားေပးတဲ့ ပရိသတ္ကိုလည္း အမ်ားႀကီးေက်းဇူးတင္ပါတယ္ ” ဟု ဆိုသည္။

ဂ်ပန္နိုင္ငံမွာ ထိုးသတ္သြားမည့္ အဓိကခ်န္ပီယံလုပြဲ သုံးပြဲတြင္ အမ်ိဳးသမီးစေတာ့ဝိတ္ ကမၻာ့ခ်န္ပီယံ ခါးပတ္လုပြဲ ျဖစ္သည့္ တ႐ုတ္နိုင္ငံသူ Xiong Jing Nan ႏွင့္ စင္ကာပူနိုင္ငံသူ An Gela Lee တို႔ ပြဲစဥ္၊ အမ်ိဳးသား မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံလုပြဲတြင္ ျမန္မာနိုင္ငံ ကခ်င္ျပည္နယ္ဖြား၊ ေအာင္လအန္ဆန္ႏွင့္ ဂ်ပန္နိုင္ငံသား ကန္ဟာဆီဂါဝါ တို႔ ယွဥ္ၿပိဳင္ထိုးသတ္ၾကမည္ျဖစ္သည္။

ေအာင္လအန္ဆန္အေနျဖင့္ ယခုႏွစ္ထဲတြင္ ပြဲစဥ္ ၃ ပြဲခန႔္အထိ ထိုးသတ္သြားရန္ ရွိေနၿပီး ျမန္မာႏွင့္ဂ်ပန္တို႔ တြင္ ထိုးသတ္မည္ဟု သိရသည္။

Unicode Font

ဟာဆီဂါဝါ ကို ထပ်ပြီးအနိုင်ယူမယ်ဆိုတဲ့ အောင်လအန်ဆန်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်မည့် One မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲ ပွဲစဉ်တွင် ကန်ဟာဆီဂါဝါ နှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း အောင်လအန်ဆန် က ပြောသည်။

” ကန်ဟာဆီဂါဝါ ပွဲ ပထမအချီမှာ အပြီးသတ် ကြိုးစားမာှပါ။ ကျွန်တော် သူနဲ့လည်း ၅ ချီ ကစားဖူးပြီးပါပြီ။ သူ ဘာလုပ်မလဲဆိုတာ ကျွန်တော် နားလည်တယ်။ ကျွန်တော် နိုင်မယ်လို့လည်း ယုံကြည်တယ် ။ သူ့ ပွဲတွေကို လည်း လေ့လာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ဆရာနဲ့လည်း ဒီပွဲမှာ အကောင်းဆုံးကစားနိုင်အောင် Training မှာ အကောင်းဆုံး ကြိုးစားနေပါတယ်။ ဒီပွဲက အကောင်းဆုံးပွဲဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အရင်က ထက် ပိုလေ့ကျင့်ဖြစ်ပါတယ်။ အရင်ပွဲတွေထက် ပိုကောင်းအောင် ကြိုးစားနေပါတယ် ” ဟု အောင်လအန်ဆန် က ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ Rose Garden Hotel ၌ ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့ခြင်း ဖြစ်သည်။

ယခင်တစ်ခေါက်က ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံတွင် ပြုလုပ်သည့် ONE: SPIRIT OF A WARRIOR ပွဲတွင် ဂျပန်မှ စိန်ခေါ်သူ ကန်ဟာဆီဂါဝါကို အောင်လအန်ဆန်က ငါးချီပြည့် ထိုးသတ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

လာမည့် မတ် ၃၁ ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Ryogoku Kokuhikan မိုးလုံလေလုံအားကစားပြိုင်ပွဲရုံတွင် ဂျပန်နိုင်ငံ၌ (MMA) ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကို ကျင်းပမည် ဖြစ်ပြီး အဓိက ချန်ပီယံခါးပတ်လုပွဲ သုံးပွဲ ထည့်သွင်းထားကာ ကန်ဟာဆီဂါဝါ နှင့်အောင်လအန်ဆန်တို့၏ ဒုတိယအကြိမ် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲလည်း ဖြစ်သည်။

အောင်လန်အန်ဆန်က ” အားပေးတဲ့ ပရိသတ်တွေကို ကျွန်တော်ရဲ့တိုင်းပြည်၊ သူရဲ့တိုင်းပြည် မခွဲပါဘူး ။ ကျွန်တော့အနေနဲ့ ဘာမှ မထူးပါဘူး။ ကစားတဲ့အချိန်မှာ အားထည့်ပြီး ကစားတယ်။ ကျွန်တော့ကို အားပေးတဲ့ ပရိသတ်ကိုလည်း အများကြီးကျေးဇူးတင်ပါတယ် ” ဟု ဆိုသည်။

ဂျပန်နိုင်ငံမှာ ထိုးသတ်သွားမည့် အဓိကချန်ပီယံလုပွဲ သုံးပွဲတွင် အမျိုးသမီးစတော့ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲ ဖြစ်သည့် တရုတ်နိုင်ငံသူ Xiong Jing Nan နှင့် စင်ကာပူနိုင်ငံသူ An Gela Lee တို့ ပွဲစဉ်၊ အမျိုးသား မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖွား၊ အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ကန်ဟာဆီဂါဝါ တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

အောင်လအန်ဆန်အနေဖြင့် ယခုနှစ်ထဲတွင် ပွဲစဉ် ၃ ပွဲခန့်အထိ ထိုးသတ်သွားရန် ရှိနေပြီး မြန်မာနှင့်ဂျပန်တို့ တွင် ထိုးသတ်မည်ဟု သိရသည်။

Facebook Comments
14K Shares