ျမန္မာႏိုင္ငံတြင္ သ႐ုပ္ျပစမ္းသပ္မႈမ်ားေဆာင္ရြက္ရန္ လွ်ပ္စစ္ဘတ္စ္ကား မၾကာမီေရာက္ရွိမည္ဟုဆို

185
3K Shares

ျမန္မာႏိုင္ငံတြင္ သ႐ုပ္ျပစမ္းသပ္မႈမ်ားေဆာင္ရြက္ရန္ လွ်ပ္စစ္ဘတ္စ္ကား မၾကာမီေရာက္ရွိမည္ဟုဆို

ျမန္မာႏိုင္ငံတြင္သ႐ုပ္ျပစမ္းသပ္မႈမ်ားေဆာင္ရြက္ရန္အတြက္လွ်ပ္စစ္ဘတ္စ္ကား(၅)စီးမၾကာမီေရာက္ရွိလာေတာ့မည္ျဖစ္ေၾကာင္းစက္မႈဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးဦးခင္ေမာင္ခ်ိဳကယေန႔က်င္းပေသာဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္(၁၁)ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝး(၁၁)ရက္ေျမာက္ေန႔တြင္ေျပာသည္။“လက္ရွိအခ်ိန္မွာျမန္မာႏိုင္ငံ၌ထုတ္လုပ္ရန္လ်ာထားသည့္E Busအမ်ိဳးအစားကိုသ႐ုပ္ျပစမ္းသပ္မႈမ်ားေဆာင္ရြက္ႏိုင္ဖို႔အတြက္Green Power Myanmar Co.,Ltdကလွ်ပ္စစ္ဘတ္စစ္ကား(၅)စီးကိုေပးပို႔ေတာ့မွာျဖစ္ပါတယ္။မၾကာမီေရာက္ရွိလာေတာ့မွာျဖစ္တဲ့အတြက္၎ယာဥ္မ်ားအတြက္ Charging Station မ်ားကိုလည္းႀကိဳတင္စီစဥ္ေဆာင္ရြက္လ်က္ရွိပါတယ္”ဟုသူကေျပာသည္။

ေမာက္မယ္မဲဆႏၵနယ္မွဦးစိုင္းေငါင္းဆိုင္ဟိန္းေမးျမန္းေသာျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈက႑တြင္တစ္စိတ္တစ္ပိုင္းတပ္ဆင္ထုတ္လုပ္သည့္စနစ္(SKD)ျဖင့္လာေရာက္ရင္းႏွီးျမွဳပ္ႏွံၾကသည့္ျပည္ပကုမၸဏီေပါင္းမည္မွ်ရွိျပီးေမာ္ေတာ္ယာဥ္မ်ား၏အရည္အေသြးႀကံ႕ခိုင္ေကာင္းမြန္မႈ(Quality Control)ကိုမည္ကဲ့သို႔ထိန္းခ်ဳပ္ထားပါသနည္းႏွင့္အနာဂတ္တြင္လွ်ပ္စစ္ဘတ္စ္ကား(E Bus)မ်ားစမ္းသပ္ေမာင္းႏွင္အသံုးျပဳႏိုင္ရန္မည္ကဲ့သို႔စီစဥ္ေဆာင္ရြက္ထားပါသည္ကိုသိလိုျခင္းႏွင့္စပ္လ်ဥ္းသည့္ေမးခြန္းကိုယင္းကဲ့သို႔ထည့္သြင္းေျဖၾကားခဲ့ျခင္းျဖစ္သည္။

ဟန္ေဂရီႏိုင္ငံ၊CSEPLE Holding Ltdမွထုတ္လုပ္သည့္ MODULO Brand Electric Bus မ်ားကိုဥေရာပနည္းပညာျဖင့္Green Power Myanmar Co.,Ltdႏွင့္ပူးေပါင္းျပီးအမွတ္(၁၄)အႀကီးစားစက္႐ံု(သာဂရ)၌စတင္တပ္ဆင္ထုတ္လုပ္သြားႏိုင္ေရးကနဦးေလ့လာသံုးသပ္မႈမ်ားေဆာင္ရြက္ေနျခင္းျဖစ္သည္။

ထို႔ျပင္ႀကိဳတင္စီမံေဆာင္ရြက္သည့္အေနျဖင့္လွ်ပ္စစ္ကားမ်ားတြင္က်ယ္စြာအသံုးျပဳႏိုင္ရန္အတြက္မရွိမျဖစ္လိုအပ္သည့္Charging Stationမ်ားကိုရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတစ္ေလွ်ာက္ရန္ကုန္ျမိဳ႕ႏွင့္ေနျပည္ေတာ္တို႔တြင္တပ္ဆင္အသံုးျပဳႏိုင္ေရးအတြက္မိတ္ဖက္ကုမၸဏီႏွင့္စက္မႈဝန္ႀကီးဌာနတို႔Surveyျပဳလုပ္၍ရန္ကုန္-မႏၲေလးအျမန္မႀကီးတစ္ေလွ်ာက္တြင္(၈)ေနရာ၊ရန္ကုန္ျမိဳ႕တြင္(၃၆)ေနရာႏွင့္ေနျပည္ေတာ္တြင္(၅)ေနရာကိုပဏာမအေနျဖင့္လ်ာထားေရြးခ်ယ္ျပီးညွိႏိႈင္းေဆာင္ရြက္လ်က္ရွိေၾကာင္း၎ကတင္ျပခဲ့သည္။

ယင္းCharging Stationမ်ားတြင္E Busမ်ားကိုသာမကEV Saloonကားမ်ားကိုပါChargingသြင္းႏိုင္မည့္Chargingေခါင္း(၃)မ်ိဳးပါရွိမည္ျဖစ္ေၾကာင္းသိရသည္။Charging Station(၃)ခုကိုလည္းကုမၸဏီ၏စရိတ္ျဖင့္သင့္ေလ်ာ္သည့္ေနရာတြင္တည္ေဆာင္ႏိုင္ေရးအတြက္သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ႀကိဳတင္ညွိႏိႈင္းေဆာင္ရြက္ေနျပီးစက္မႈဝန္ႀကီးဌာန႐ံုးအမွတ္(၄၁)အနီးတြင္Charging Station(၁)ခုတည္ေဆာက္ရန္ေရြးခ်ယ္ထားျပီးျဖစ္ေၾကာင္းသိရသည္။

ဦးခင္ေမာင္ခ်ိဳက”ေနျပည္ေတာ္ေလဆိပ္၊ဘူတာႀကီး၊ကားႀကီးကြင္းႏွင့္ေစ်းႀကီးမ်ားစတဲ့ေနရာေတြမွာျပည္သူတို႔သြားလာေရးအဆင္ေျပေစဖို႔နဲ႔ေရွးဦးစြာစမ္းသပ္စစ္ေဆးမႈမ်ားေဆာင္ရြက္ႏိုင္ဖို႔လွ်ပ္စစ္ဘတ္စ္ကား(၅)စီးခန္႔ကိုကနဦးစမ္းသပ္ေျပးဆြဲမႈျပဳလုပ္လိုပါေၾကာင္းကုမၸဏီဘက္မွအဆိုျပဳလာ၍စမ္းသပ္မႈျပဳလုပ္ႏိုင္ေရးအတြက္သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ညွိႏိႈင္းေဆာင္ရြက္လ်က္ရွိပါတယ္”ဟုေျပာၾကားခဲ့သည္။ထို႔ေၾကာင့္သဘာဝပတ္ဝန္းက်င္ထိခိုက္မႈေလ်ာ့နည္းျပီးကာဗြန္ထုတ္လုပ္မႈလံုးဝမရွိေသာနည္းပညာျမင့္လွ်ပ္စစ္ဘတ္စ္ကားမ်ားတပ္ဆင္ထုတ္လုပ္ႏိုင္ေရးႀကိဳတင္စီမံမႈမ်ားေဆာင္ရြက္လ်က္ရွိျပီးလက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္လည္းလုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီတင္ျပေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းထည့္သြင္းေျဖၾကားခဲ့သည္။

Unicode Font

မြန်မာနိုင်ငံတွင် သရုပ်ပြစမ်းသပ်မှုများဆောင်ရွက်ရန် လျှပ်စစ်ဘတ်စ်ကား မကြာမီရောက်ရှိမည်ဟုဆို

မြန်မာနိုင်ငံတွင်သရုပ်ပြစမ်းသပ်မှုများဆောင်ရွက်ရန်အတွက်လျှပ်စစ်ဘတ်စ်ကား(၅)စီးမကြာမီရောက်ရှိလာတော့မည်ဖြစ်ကြောင်းစက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုကယနေ့ကျင်းပသောဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့တွင်ပြောသည်။“လက်ရှိအချိန်မှာမြန်မာနိုင်ငံ၌ထုတ်လုပ်ရန်လျာထားသည့်E Busအမျိုးအစားကိုသရုပ်ပြစမ်းသပ်မှုများဆောင်ရွက်နိုင်ဖို့အတွက်Green Power Myanmar Co.,Ltdကလျှပ်စစ်ဘတ်စစ်ကား(၅)စီးကိုပေးပို့တော့မှာဖြစ်ပါတယ်။မကြာမီရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်၎င်းယာဉ်များအတွက် Charging Station များကိုလည်းကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်”ဟုသူကပြောသည်။

မောက်မယ်မဲဆန္ဒနယ်မှဦးစိုင်းငေါင်းဆိုင်ဟိန်းမေးမြန်းသောမြန်မာ့မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍတွင်တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်သည့်စနစ်(SKD)ဖြင့်လာရောက်ရင်းနှီးမြှုပ်နှံကြသည့်ပြည်ပကုမ္ပဏီပေါင်းမည်မျှရှိပြီးမော်တော်ယာဉ်များ၏အရည်အသွေးကြံ့ခိုင်ကောင်းမွန်မှု(Quality Control)ကိုမည်ကဲ့သို့ထိန်းချုပ်ထားပါသနည်းနှင့်အနာဂတ်တွင်လျှပ်စစ်ဘတ်စ်ကား(E Bus)များစမ်းသပ်မောင်းနှင်အသုံးပြုနိုင်ရန်မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားပါသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်းကိုယင်းကဲ့သို့ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဟန်ဂေရီနိုင်ငံ၊CSEPLE Holding Ltdမှထုတ်လုပ်သည့် MODULO Brand Electric Bus များကိုဥရောပနည်းပညာဖြင့်Green Power Myanmar Co.,Ltdနှင့်ပူးပေါင်းပြီးအမှတ်(၁၄)အကြီးစားစက်ရုံ(သာဂရ)၌စတင်တပ်ဆင်ထုတ်လုပ်သွားနိုင်ရေးကနဦးလေ့လာသုံးသပ်မှုများဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့ပြင်ကြိုတင်စီမံဆောင်ရွက်သည့်အနေဖြင့်လျှပ်စစ်ကားများတွင်ကျယ်စွာအသုံးပြုနိုင်ရန်အတွက်မရှိမဖြစ်လိုအပ်သည့်Charging Stationများကိုရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက်ရန်ကုန်မြို့နှင့်နေပြည်တော်တို့တွင်တပ်ဆင်အသုံးပြုနိုင်ရေးအတွက်မိတ်ဖက်ကုမ္ပဏီနှင့်စက်မှုဝန်ကြီးဌာနတို့Surveyပြုလုပ်၍ရန်ကုန်-မန္တလေးအမြန်မကြီးတစ်လျှောက်တွင်(၈)နေရာ၊ရန်ကုန်မြို့တွင်(၃၆)နေရာနှင့်နေပြည်တော်တွင်(၅)နေရာကိုပဏာမအနေဖြင့်လျာထားရွေးချယ်ပြီးညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၎င်းကတင်ပြခဲ့သည်။

ယင်းCharging Stationများတွင်E BusများကိုသာမကEV SaloonကားများကိုပါChargingသွင်းနိုင်မည့်Chargingခေါင်း(၃)မျိုးပါရှိမည်ဖြစ်ကြောင်းသိရသည်။Charging Station(၃)ခုကိုလည်းကုမ္ပဏီ၏စရိတ်ဖြင့်သင့်လျော်သည့်နေရာတွင်တည်ဆောင်နိုင်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်နေပြီးစက်မှုဝန်ကြီးဌာနရုံးအမှတ်(၄၁)အနီးတွင်Charging Station(၁)ခုတည်ဆောက်ရန်ရွေးချယ်ထားပြီးဖြစ်ကြောင်းသိရသည်။

ဦးခင်မောင်ချိုက”နေပြည်တော်လေဆိပ်၊ဘူတာကြီး၊ကားကြီးကွင်းနှင့်ဈေးကြီးများစတဲ့နေရာတွေမှာပြည်သူတို့သွားလာရေးအဆင်ပြေစေဖို့နဲ့ရှေးဦးစွာစမ်းသပ်စစ်ဆေးမှုများဆောင်ရွက်နိုင်ဖို့လျှပ်စစ်ဘတ်စ်ကား(၅)စီးခန့်ကိုကနဦးစမ်းသပ်ပြေးဆွဲမှုပြုလုပ်လိုပါကြောင်းကုမ္ပဏီဘက်မှအဆိုပြုလာ၍စမ်းသပ်မှုပြုလုပ်နိုင်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်”ဟုပြောကြားခဲ့သည်။ထို့ကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းပြီးကာဗွန်ထုတ်လုပ်မှုလုံးဝမရှိသောနည်းပညာမြင့်လျှပ်စစ်ဘတ်စ်ကားများတပ်ဆင်ထုတ်လုပ်နိုင်ရေးကြိုတင်စီမံမှုများဆောင်ရွက်လျက်ရှိပြီးလက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက်လည်းလုပ်ထုံးလုပ်နည်းများနှင့်အညီတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းထည့်သွင်းဖြေကြားခဲ့သည်။

Facebook Comments
3K Shares