E.T.S

Every Time Story

ပြည်တွင်းသတင်း

ညီမလေး မေမြတ်မွန် ရက်ရက်စက်စက်အသတ်ခံရ

ညီမလေး မေမြတ်မွန် ရက်ရက်စက်စက်အသတ်ခံရ

2019 မတ်လ 25 နေ့က မကွေးတိုင်းဒေသကြီး ပခုက ္ကူမြို့နယ် အမှတ်11ရပ်ကွက် ရွှေလမ်း4လမ်း ရွှေစည်းစိမ်တည်းခိုးမှာ ဖြစ်ပွားခဲ့တဲ့ ရက်စက်စွာ လူသက်မှုနဲ့ပက်သက်ပြီး သေဆုံးသူ ဟာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် 8ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး နေအိမ်က ထွက်သွားတာ တစ်နှစ် ပြည့်တော့မှာ

အိမ်ကို အလုပ်လုပ်ရန်ပြောထွက်သွားပြီး ပခုက္ကူမှာ နိုင်လင်းအောင် အသက်28နှစ် နဲ့အတူ ပေါင်းနေထိုင်ခဲ့တာပါ။ သေဆုံးသူမှာ အသက် 17နှစ်ဖြစ်ပြီး ရန်ကုန် ရှိနေအိမ်ကိုမပြန်တာ တစ်နှစ်ပြည့်တော့မှာပါ နိုင်လင်းအောင် ဆိုသူနှင့် ပေါင်းသင်းနေထိုင်နေသည်မှာ သေချာပေါက်သိပါတယ်။

ဒါပေမဲ့ သူသေဆုံးချိန်မှာ အဲ့နိုင်လင်းအောင်ဆိုသူ ရှိမနေပါဘူး ထွက်ပြေးတိမ်းရှောင်နေပါတယ် သူသတ်တယ်ဆိုတာ သေချာသလောက်ဖြစ်နေပါပြီ ။ဒါပေမဲ့ရဲစခန်းက နိုင်လင်းအောင်ဆိုသူကိုလိုက်လံရှာဖွေ ခြင်းမရှိပါဘူး အမှုက ဖွင့်ပီးပါပီ နောက်တစ်ခုက ဆေးရုံက ဆရာဝန်က သေဆုံးသူမှာ နှလုံးရောဂါနဲ့သေတယ်လို့ ဆေးစစ်ချက်ထွက်လိုက်ပါတယ်။

မတရားဘူးပေါ့နော် အရင်ကလည်း နိုင်လင်းအောင်ဆိုသူမှာ လူသတ်မှုနှင့် ထောင်ကျ ခဲ့ဖူးတယ်လို့ကြားသိရပါတယ် ပီးတော့ WY စိတ်ကြွဆေးပြား ရောင်းဝယ်ပီး သုံးစွဲ နေသည်ကိုလည်း အတိအကျသိထားပါတယ်။ အဲ့တော့ အဓိကပြောချင်တာက အဖြစ်မှန်ပေါ်ဖို့ တရားခံပေါ်ဖို့ လိုအပ်တာပေါ့နော်။

ဘာပဲဖြစ်ဖြစ် နောက်ဒီလို အဖြစ်မျိုးတေ အမျိုးသမီးများထပ်မကြုံရအောင် ဖော်ထုတ်စစ်ဆေးပေးစေလိုပါတယ် ပခုက္ကူက ရဲတေ လည်း သတိပေးလိုက်တယ် ရဲအကုန်လုံးတော့ မဆိုလိုပါဘူး ဟိုတစ်ခါတုန်းကလည်း အဲ့ နိုင်လင်းအောင်ဆိုသူကို မူးယစ်ဆေးဝါးနဲ့တကွဖမ်းဆီး ရမိတာကို ပိုက်ဆံ ယူပီးပြန်လွှတ်လိုက်တယ်လို့ ကြားသိရပါတယ်။

ဒီတစ်ခါလူသတ်မှုကိုသွေးအေးနေရင်တော့ ကူညီ ပါရစေဆိုင်းဘုတ် တပ်မနေပါနဲ့တော့လို့ ပြောချင်ပါတယ် အဖြေမှန်ဖို့အရေးကြီးပါတယ် ညီမလေး မေမြတ်မွန်လည်း နောင်ဘဝဆက်တိုင်း ဒီလို အဖြစ် မျိုးနဲ့မကြုံပါရစေနဲ့လို့ဆုတောင်းပေးပါတယ်။

Facebook Comments
3K Shares

Comments are Closed

Powered by M.N.T