One Championship ခ်န္ပီယံခါးပတ္လုၿပိဳင္ပြဲတြဲဆိုင္ ထုတ္ျပန္

670
4K Shares

One Championship ခ်န္ပီယံခါးပတ္လုၿပိဳင္ပြဲတြဲဆိုင္ ထုတ္ျပန္

ဒုတိယအႀကိမ္ေျမာက္ ထိုးသတ္မည့္ ေအာင္လအန္ဆန္ ႏွင့္ ပာန္ဆီဂါဝါ တို႔ယွဥ္ၿပိဳင္မည့္ မစ္ဒယ္ဝိတ္တန္း ကမၻာခ်န္ပီယံလုၿပိဳင္ပြဲ အပါအဝင္ ခ်န္ပီယံခါးပတ္လုၿပိဳင္ပြဲတြဲဆိုင္းမ်ားကို One Championship အဖြဲ႕က ဇန္နဝါရီလ ၇ ရက္ေန႕က ထုတ္ျပန္ေၾကျငာခဲ့သည္။

ဂ်ပန္နိုင္ငံတြင္ ထိုးသတ္သြားမည့္ အဓိကခ်န္ပီယံလုပြဲ သုံးပြဲတြင္ အမ်ိဳးသမီးစေတာဝိတ္ ကမၻာ့ခ်န္ပီယံ ခါးပတ္ လုပြဲအျဖစ္ တ႐ုတ္နိုင္ငံသူ Xiong Jing Nan ႏွင့္ စင္ကာပူနိုင္ငံသူ An Gela Lee တို႔၏ပြဲစဥ္၊အမ်ိဳးသား မစ္ဒယ္ ဝိတ္တန္းကမၻာ့ခ်န္ပီယံလုပြဲတြင္ ျမန္မာနိုင္ငံမွ ကခ်င္ျပည္နယ္ဖြား ေအာင္လအန္ဆန္ႏွင့္ ဂ်ပန္နိုင္ငံသား ဟန္ဆီဂါဝါတို႔ ယွဥ္ၿပိဳင္ထိုးသတ္ၾကမည့္ပြဲစဥ္ႏွင့္ လိုက္ဝိတ္ ကမၻာ့ခ်န္ပီယံလုပြဲအျဖစ္ ဂ်ပန္နိုင္ငံမွ Shinya Aoki ႏွင့္ ဖိလစ္ပိုင္နိုင္ငံသား Eduard Folayang တို႔ ယွဥ္ၿပိဳင္ထိုးသတ္မည့္ ပြဲစဥ္မ်ား ပါဝင္လ်က္ရွိသည္။

ေအာင္လအန္ဆန္ ႏွင့္ ဟန္ဆီဂါဝါတို႔သည္ ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္ ဇြန္လ တြင္ ရန္ကုန္ၿမိဳ႕ သုဝဏၰမိုးလုံေလလုံ အားကစား႐ုံ(၁) ၌ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီး MMA ၏ တစ္ႏွစ္တာအတြင္း အေကာင္းဆုံး ပြဲအျဖစ္ ONE Championship အဖြဲ႕က အသိအမွတ္ျပဳ သတ္မွတ္ခံခဲ့ရသည္။

(MMA) ကမၻာ့ကိုယ္ခံပညာေပါင္းစုံၿပိဳင္ပြဲႀကီးကို လာမည့္ မတ္ ၃၁ ရက္တြင္ ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕ Ryogoku Kokuhikan မိုးလုံေလလုံ အားကစားၿပိဳင္ပြဲ႐ုံတြင္ က်င္းပသြားမည္ဟုသိရၿပီး MMA ကမၻာ့ခ်န္ပီယံ ခါးပတ္ အႀကိမ္ႀကိမ္ ရရွိထားဖူးေသာ ႐ုရွားနိုင္ငံသား Demetrious Johnson ႏွင့္ ဖိလစ္ပိုင္နိုင္ငံမွ Eddie Alvar ez တြဲဆိုင္းကို ပြဲဦးထြက္ပြဲစဥ္အျဖစ္ က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

Unicode Font

One Championship ချန်ပီယံခါးပတ်လုပြိုင်ပွဲတွဲဆိုင် ထုတ်ပြန်

ဒုတိယအကြိမ်မြောက် ထိုးသတ်မည့် အောင်လအန်ဆန် နှင့် ပာန်ဆီဂါဝါ တို့ယှဉ်ပြိုင်မည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာချန်ပီယံလုပြိုင်ပွဲ အပါအဝင် ချန်ပီယံခါးပတ်လုပြိုင်ပွဲတွဲဆိုင်းများကို One Championship အဖွဲ့က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

ဂျပန်နိုင်ငံတွင် ထိုးသတ်သွားမည့် အဓိကချန်ပီယံလုပွဲ သုံးပွဲတွင် အမျိုးသမီးစတောဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ် လုပွဲအဖြစ် တရုတ်နိုင်ငံသူ Xiong Jing Nan နှင့် စင်ကာပူနိုင်ငံသူ An Gela Lee တို့၏ပွဲစဉ်၊အမျိုးသား မစ်ဒယ် ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲတွင် မြန်မာနိုင်ငံမှ ကချင်ပြည်နယ်ဖွား အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ဟန်ဆီဂါဝါတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည့်ပွဲစဉ်နှင့် လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ဂျပန်နိုင်ငံမှ Shinya Aoki နှင့် ဖိလစ်ပိုင်နိုင်ငံသား Eduard Folayang တို့ ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲစဉ်များ ပါဝင်လျက်ရှိသည်။

အောင်လအန်ဆန် နှင့် ဟန်ဆီဂါဝါတို့သည် ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဇွန်လ တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ(၁) ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး MMA ၏ တစ်နှစ်တာအတွင်း အကောင်းဆုံး ပွဲအဖြစ် ONE Championship အဖွဲ့က အသိအမှတ်ပြု သတ်မှတ်ခံခဲ့ရသည်။

(MMA) ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကြီးကို လာမည့် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ Ryogoku Kokuhikan မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံတွင် ကျင်းပသွားမည်ဟုသိရပြီး MMA ကမ္ဘာ့ချန်ပီယံ ခါးပတ် အကြိမ်ကြိမ် ရရှိထားဖူးသော ရုရှားနိုင်ငံသား Demetrious Johnson နှင့် ဖိလစ်ပိုင်နိုင်ငံမှ Eddie Alvar ez တွဲဆိုင်းကို ပွဲဦးထွက်ပွဲစဉ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Facebook Comments
4K Shares