E.T.S

Every Time Story

ပြည်တွင်းသတင်း

ရေဘေးကယ်ဆယ်ရေးအတွက် ကျော်သူတို့ဇနီးမောင်နှံမှ သိန်းတစ်ရာ လှူဒါန်း

eyuytu4567456utryu45646uryu4 3

ရေဘေးကယ်ဆယ်ရေးအတွက် ကျော်သူတို့ဇနီးမောင်နှံမှ သိန်းတစ်ရာ လှူဒါန်း

eyuytu4567456utryu45646uryu4 1

အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ရေကြီးရေလျှံမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေ စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးရှိ ရေးမြို့ဆိုရင် တစိမြို့လုံးအတိုင်းအတာနဲ့ ရေလွှမ်းမိုးခံနေရပြီး ကယ်ဆယ်ရေးအဖွဲ့အစည်းများကို အရေးတကြီး လိုအပ်နေတာပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်မင်းသားကြီးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်(ခ) ဒေါ်မြင်မြင့်ခင်ဖေတို့ မိသားစုမှလည်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးရှိ ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

eyuytu4567456utryu45646uryu4 2

ကွယ်လွန်သူမိဘနှစ်ပါးဖြစ်ကြသော (ဦးဌေးအောင်ဖေ+ဒေါ်တင်တင်လတ်)တို့အားရည်စူး၍ မိဘနှစ်ပါးဖြစ်ကြသော ဦးစိန်တင်+ဒေါ်မြသန်း တို့အားအမှူးထား၍ ဦးကျော်သူ+ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက် မိသားစု (၃၈)နှစ်မြောက်မင်္ဂလာ နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် (မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ရေဘေးကယ်ဆယ်ရေးအတွက်) အလှူငွေ သိန်းတစ်ရာတိတိ (၁၀,၀၀၀,၀၀၀/-)အား မွန်မြတ်စွာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရေဘေးကယ်ဆယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း အင်တိုက်အားတိုက် ကြိုးစားကူညီနေကြသလို အလှူရှင်တွေကလည်း ရက်ရက်ရောရော လှူဒါန်းမှုတွေ ပြုလုပ်ပေးနေကြတာပဲ ဖြစ်ပါတယ်။

eyuytu4567456utryu45646uryu4 1

မင်းသားကြီးဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့လည်း အခုလို လှူဒါန်းရသော အကျိုးကြောင့် (၃၈) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကစပြီး နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အများအကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Facebook Comments
3K Shares

Comments are Closed

Powered by M.N.T