
593
5K Shares





Unicode Font

မြောင်တောင်အသင်းသစ် မှာပထမဆုံးလေ့ကျင့်ခန်းဆင်းနေတဲ့အောင်သူ

မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့အောင်သူကတော့ထိုင်းထိပ်သီးကလပ်မြောင်တောင်ယူနိုက်တက်အသင်းသို့ပြောင်းရွေ့သွားခဲ့တာဖြစ်ပါတယ်။အောင်သူကိုတော့ဂျပန်ကလပ်တွေနဲ့ထိုင်းထိပ်သီးကလပ်တွေခေါ်ယူဖို့သတင်းတွေထွက်ခဲ့ပေမယ့်နောက်ဆုံးမှာမြောင်တောင်အသင်းကိုသာပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။

မြောင်တောင်အသင်းကလည်းအောင်သူ့ကိုစောင့်ကြည့်နေတာဖြစ်ပြီးတစ်ခြားအသင်းတွေထက်ဦးအောင်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။အောင်သူကတော့နေအိမ်၊ကားတွေနဲ့ဒေါ်လာ၁သောင်းရရှိမှာဖြစ်ပါတယ်။အောင်သူရောက်ရှိလာခြင်းပဲအသင်းနဲ့မိတ်ဆက်ပွဲတွေပြုလုပ်ခဲ့ကြပါတယ်။အောင်သူကတော့ကျောနံပတ်၉ကိုဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

အသင်းကိုပြောင်းရွေးပြီးနောက်နေ့မှာတော့အောင်သူကအသင်းသစ်နဲ့လေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပါတယ်။အဆိုပါလေ့ကျင့်ခန်းကိုလည်းအောင်သူ့ကိုချစ်တဲ့ထိုင်းပရိတ်သတ်တွေလာရောက်ကြည့်ခဲ့ကြပါတယ်။Police Teroအသင်းမှာတည်းကခြေစွမ်းပြဂိုးတွေသွင်းတာကြောင့်ပရိတ်သတ်အချစ်တော်ဖြစ်နေရတဲ့အောင်သူကတော့မြောင်တောင်အသင်းမှာလည်းခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ကပါတယ်။

Facebook Comments
5K Shares