မကွေး-ရန်ကုန် စတင်ပျံသန်းခြင်းအထိမ်းအမှတ် လေယာဉ်ခ အထူးလျှော့ဈေးဖြင့်ရောင်းချပေးမည်

46
173 Shares

မကွေး-ရန်ကုန် စတင်ပျံသန်းခြင်းအထိမ်းအမှတ် လေယာဉ်ခ အထူးလျှော့ဈေးဖြင့်ရောင်းချပေးမည်

gfdasy

မကွေး-ရန်ကုန်ခရီးစဉ်စတင်ပျံသန်းသည့် အထိမ်းအမှတ်အဖြစ် လေကြောင်းပြေးဆွဲမှုစတင်မည့် ဇွန် ၂၅ ရက် (အင်္ဂါနေ့)၌ ခရီးစဉ် တစ်ကြောင်းစာအတွက် တစ်ဦးလျှင် ကျပ် ၆၀,ဝဝဝ နှုန်းဖြင့်လေယာဉ် လက်မှတ်ခများကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း နန်းထိုက်သူကုမ္ပဏီ၏ ဇွန် ၁၃ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

စတင်ပျံသန်းမည့် ဇွန် ၂၅ ရက်တွင် မကွေး-ရန်ကုန်၊ ရန်ကုန်-မကွေး အသွားအပြန်ခရီးစဉ်ကို အထူးလေယာဉ်ဖြင့် နှစ်ကြောင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

gfdasy

ယင်းခရီးစဉ်အတွက် လေယာဉ်လက်မှတ်များကို နန်းထိုက်သူ ဟိုတယ်၌ ဇွန် ၁၃ ရက်က စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ လေယာဉ် လက်မှတ်ဝယ်ယူမည့်သူများအနေဖြင့် ဖုန်း – ဝ၉-၇၉၆၈၈၈၆၃၁၊ ဝ၉-၉၆၅၁၁၆၆၈၄၊ ဝ၉-၅၁၁၆၆၈၄ နှင့် ဝ၆၃-၂၀၂၈၂၀၆ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ဇွန် ၂၅ ရက်မှစ၍ မြန်မာအမျိုးသားလေကြောင်းက မကွေးမြို့သို့ ATR 72-600 လေယာဉ်များဖြင့် တစ်ပတ်လျှင်နှစ်ကြိမ် အင်္ဂါနေ့နှင့် စနေနေ့ များ၌ တိုးချဲ့ပျံသန်းပေးမည်ဖြစ်သည်။

Facebook Comments
173 Shares