ကျောက်မဲ-ဂုတ်တွင်းလမ်းပိုင်း ကွေ့ကြောအဆင်း တွဲယာဉ်တစ်စီးထိုးကျ

34
68 Shares

ကျောက်မဲ-ဂုတ်တွင်းလမ်းပိုင်း ကွေ့ကြောအဆင်း တွဲယာဉ်တစ်စီးထိုးကျ

grady

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး၊ သီပေါ၊ လားရှိုး၊ မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး ကျောက်မဲနှင့် နောင်ချိုကြား ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် (၈၄/၂ နှင့် ၃)အကြား ကွေ့ကြောအဆင်းတွင် ဇွန် ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲက ဂေါ်တန်ကျောက်များတင်ဆောင်၍ ယာဉ်မောင်း ထွန်းနိုင် မောင်းနှင်သော တွဲယာဉ်အမှတ် 5J/— သည် မိုးရွာသွန်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်း ကမ်းပါးယံအစွန်းသို့ ထိုးကျသွားပြီး ယာဉ်ကြောပိတ်သွားကြောင်း သိရသည်။

grady

ယာဉ်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် အမှတ်(၁၂၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ကျော်ထွန်း၊ ဂုတ်တွင်းယာဉ်ထိန်းရဲအုပ်တင်ထွန်းမင်း၊ နယ်မြေခံဂုတ်တွင်းရဲကင်းမှ တပ်ဖွဲ့ဝင်များ၊ ရွာသားများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မန္တလေးမှတက်လာသော ယာဉ်များ နောင်ချိုမြို့ စိမ်းလဲ့ကန်သာတွင်လည်းကောင်း၊ မူဆယ်၊လားရှိုးမှလာသော အဆင်းယာဉ်များ ကျောက်မဲမြို့ မိုးမြင့်သာနှင့် ရေကန်တောင်၌လည်းကောင်း ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။

Facebook Comments
68 Shares