အခြေခံ ပညာဆရာ/ဆရာမများ ကို ပညာေ ရး ဘတ်ဂျက်ဖြင့် ကျောင်းစိမ်းလုံချည် တစ်ထည်စီ ထောက်ပံ့မည်

7
27 Shares

အခြေခံ ပညာဆရာ/ဆရာမများ ကို ပညာေ ရး ဘတ်ဂျက်ဖြင့် ကျောင်းစိမ်းလုံချည် တစ်ထည်စီ ထောက်ပံ့မည်

htrsu 1

ပညာေ ရးဝန်ကြီးဌာန အောက်ရှိ အခြေခံ ပညာကျောင်း များ၊ ပညာရေး တက္ကသိုလ်လေ့ ကျင့်ရေးအထက်တန်းကျောင်း များ၊ ပညာရေး ကောလိပ်လေ့ ကျင့်ရေး အလယ်တန်းကျောင်း များရှိ ဆရာ၊ ဆရာမများကို ကျောင်းစိမ်းလုံချည်တစ်ထည်စီ ထောက်ပံ့မည်ဟု အခြေခံပညာဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးရဲလင်းမြင့်က ပြောကြား သည်။

ဆရာတစ်ဦးလျှင် ကျပ် ၅,၀၀၀ တန်ဖိုးရှိ စက်မှုဝန်ကြီးဌာ နထုတ် အသင့်ဝတ်ကျောင်းစိမ်း ပုဆိုးတစ်ထည်၊ ဆရာမတစ်ဦး လျှင် ကျပ် ၅,၀၀၀ တန်ဖိုးရှိ စက် မှုဝန်ကြီးဌာနထုတ် ကျောင်းစိမ်း ထဘီ(မချုပ်ရသေး)နှင့် လုံချည် အထက်ဆင့်တစ်ခုစီ ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်မှ ထောက်ပံ့မည်ဖြစ်သည်။

အခြေခံပညာဆရာ၊ဆရာမ များအတွက် ၂၀၁၇-၁၈ ပညာ သင်နှစ်ကစကာ ကျောင်းဝတ်စုံ ထောက်ပံ့ခဲ့ပြီး ပထမဆုံးထောက် ပံ့သည့်နှစ်တွင် လုံချည်အပြင် အင်္ကျီစကို မိမိအစီအစဉ်ဖြင့် ဝယ် ယူနိုင်ရန် ဆရာ၊ဆရာမတစ်ဦး လျှင် ကျပ် ၅,၀၀၀ သီးသန့် ထောက်ပံ့ခဲ့သည်။

htrsu 2

၂၀၁၈-၁၉ ပညာသင်နှစ်တွင် လုံချည်တစ် ထည်စီသာထောက်ပံ့ပြီး ယခု ပညာသင်နှစ်တွင်လည်း လုံချည် တစ်ထည်စီသာ ထောက်ပံ့မည် ဖြစ်သည်။‘‘ပထမဆုံးပေးတဲ့နှစ်က တော့ အင်္ကျီစအတွက်ငွေ ၅,၀၀၀ သီးသန့်ပေးတယ်။ နောက်ပိုင်း တော့ ဒါက အကျိုးဖြစ်ထွန်းမှု လည်းနည်းတော့ တခြားအကျိုးရှိ မယ့် ပညာရေးလုပ်ငန်းအတွက် ဒီငွေကို သုံးလိုက်တာမျိုးပေါ့’’ ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးဦးသန်းစိုးအောင်က ရှင်းပြ သည်။

၂၀၁၉-၂၀ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမများကို ထောက်ပံ့ရန် ပုဆိုးအထည် ၆၆,၄၀၀ ၊ ထဘီ ၃၃၃,၆၆၂ ထည် တို့ကို ပညာရေးဝန်ကြီးဌာနက အမှတ်(၃)အကြီးစားစက်မှုလုပ် ငန်းက မှာယူထားပြီး ဇွန်လ ၁၅ ရက်မှ ဩဂုတ် ၁၀ ရက်အတွင်း ခရိုင်ပညာရေးမှူးရုံးများသို့ အ ရောက်ပေးပို့ရန် စီစဉ်ထားသည်။

အစိုးရအဆက်ဆက် ကျန်း မာရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနအောက်ရှိ ဝန် ထမ်းများအတွက် ဝတ်စုံကြေး သီးခြား ထောက်ပံ့သော်လည်း ၂၀၁၇ မှသာ အခြေခံပညာဆရာ၊ ဆရာမများအား ကျောင်းစိမ်း ထဘီ၊ ပုဆိုးနှင့် ကျပ် ၅,၀၀၀ စတင်ထောက်ပံ့ခဲ့သည်။

ပညာရေးဝန်ကြီးဌာနက အခမဲ့ပညာရေးဖော်ဆောင်သည့်အနေဖြင့် ၂၀၁၅-၁၆ ပညာသင်နှစ်ကစတင်ကာ မူလတန်း ကျောင်းသား၊ ကျောင်းသူများကို စက်မှုဝန်ကြီးဌာနထုတ် ကျောင်း ဝတ်စုံတစ်စုံစီထောက်ပံ့ခဲ့သည်။ ယခုပညာသင်နှစ်တွင် မူလတန်း ကျောင်းသား၊ ကျောင်းသူများ အား ကျောင်းဝတ်စုံအစား ဗလာ စာအုပ်ခြောက်အုပ် ပြောင်းလဲ ထောက်ပံ့ခဲ့သည်

Facebook Comments
27 Shares