ဝက်သားဟင်းကျွေးပြီး သား သမီးတွေ ကို ရှင်ပြု အလှူ လုပ်တဲ့ အလှူရှင် (၁၆)ဦး တရားစွဲခံရ

203
46 Shares

ဝက်သားဟင်းကျွေးပြီး သား သမီးတွေ ကို ရှင်ပြု အလှူ လုပ်တဲ့ အလှူရှင် (၁၆)ဦး တရားစွဲခံရ

trwry 2

စစ် ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဒိုးနွယ်စံပြကျေးရွာ၌ ဝက်သားဖြင့် ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် ၁၆ဦး တရားစွဲခံရကြောင်း တရားစွဲဆိုခံရသူ ဦးသားငယ်မှ RND အေဂျင်စီသို့ ပြောတယ်။

လွန်ခဲ့သော ၃လခန့်က ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် (၁၉)ဦးကို ကလေးမြို့နယ် စည်ပင်မှ တရားစွဲမယ် လုပ်တယ်။ (၁၉)ဦးထဲက (၃)ဦးကို ပယ်လိုက်ပြီး၊ ကျနော့်အပါအဝင် (၁၆)ဦးကို တရားစွဲတယ်။

ဘာကြောင်း တရားစွဲခံရတယ် ဆိုတာတော့ ကျနော့်တို့က တောသူတောင်သားမို့ ဥပဒေ အကြောင်း သိတော့ မသိဘူး။ ကြားသိသလောက်တော့ ဝက်လိုင်စင်ရထားတဲ့သူက စည်ပင်ကို တိုင်ပြီး တရားစွဲခိုင်းလို့ နေမှာပေါ့၊ ကလေးတရားရုံးမှာ (၅)လပိုင်း ၂၀ရက်နေ့၊ (၆)လပိုင်း ၇ရက်နေ့ ရုံးချိန် (၂)ချိန်း သွားရပြီးပြီ၊ နောက်ထပ်လဲ အယောက် (၂၀)ဦး၊ ထပ်စွဲမယ် ကြားတယ်၊ ကျနော့်တို့အပေါ် မူတယ်ပြီး စွဲမယ်ထင်တယ်၊ ကျနော်တို့ကို တရားစွဲ၍ အောင်မြင်သွားရင် စွဲမယ်လို့လဲ ကြားတယ်ဟု ၎င်းမှ RND အေဂျင်စီသို့ ပြောတယ်။

trwry 1

စည်ပင်က အလှူရှင်တွေ အကုန်တရားစွဲမည် ဆိုရင်တော့ စုစုပေါင်း လူ(၅၀)ဦးခန့် ဖြစ်မယ်ထင်တယ်ဗျ၊ ကျနော့်တို့လဲ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်သွားဖို့ အစီအစဉ် ရှိတယ်ဟု RND အေဂျင်စီသို့ ပြောတယ်။

ယင်းအကြောင်းအရာနှင့်ပတ်သတ်၍ မေးမြန်းရန် ကလေးမြို့နယ် စည်ပင်သို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

Facebook Comments
46 Shares