အချုပ်သားတွေကို စေတနာထားပြီး ကွမ်းဆေးလိပ်ဖြတ်ပေးနေတဲ့ ရဲမေလေး ဒုရဲအုပ်မေဖြိုးကို

348
993 Shares

အချုပ်သားတွေကို စေတနာထားပြီး ကွမ်းဆေးလိပ်ဖြတ်ပေးနေတဲ့ ရဲမေလေး ဒုရဲအုပ်မေဖြိုးကို

tday 1

ချောက်မြို့မရဲစခန်း အချုပ်ခန်းအတွင်းရှိ အချုပ်သားတွေကို စည်ရုံးခြင်းစနစ်နဲ့ ရဲမေဒုရဲအုပ် မေဖြိုးကိုက ဆေးလိပ်နဲ့ ကွမ်းယာ ဖြတ်ပေး နေတယ်လို့ မြို့မစခန်းက သိရပါတယ်။

ရဲမေ ဒုရဲအုပ် မေဖြိုးကိုက စခန်းမှူး လမ်းညွှန်ချက်နဲ့ အချုပ်ခန်း စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း အချုပ်ခန်းအတွင်း ဆေးလိပ်ကွမ်းယာ သယ်ယူခြင်း တားမြစ်ချက်တွေနဲ့အညီ ဆောင်ရွက်နေပြီး ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ဆေးလိပ်ကွမ်းယာ သုံးနေပါက ကျန်းရေးထိခိုက်နိုင်သလို့ အချုပ်ကျခံနေရစဉ် ဆေးလိပ် နှင့် ကွမ်းယာစားခြင်းတိုကို ပြတ်စေချင်တဲ့ ဆန္ဒနဲ့ စည်းရုံးပြီး ဖြတ်ခိုင်းတာလို့ ရှင်းပြပါတယ်။

”သမီးတာဝန်မှူးကျတဲ့နေ့ဆိုရင် သူတို့ကို အချုပ်သားလို မထားဘူး။ ကိုယ့် ညီအကိုမောင်နှမတွေလို သဘောထားတယ်။ ကျန်းမာရေး မကောင်းရင်ပြော။ လိုအပ်တာရှိရင် ဘောင်အတွင်းက လုပ်ပေးတယ်။ သူတို့က တစ်ခုပြီးတစ်ခု တင်ပြတယ်။

tday 2

အဲဒါဆိုရင် ဒီထဲနေတဲ့ အတောအတွင်းမှာ ဆေးလိပ်၊ ကွမ်းယာဖြတ်ခိုင်းတယ်။ သူတို့က ဆရာမ စိတ်ချမ်းသာအောင် ကျွန်တော်တို့တွေ ဖြတ်မယ်။ အစားထိုး ဘာဝယ်ကျွေးမှာလဲ။ ပီကေဝယ်ကျွေး တောင်းဆိုတော့၊ ပီကေတော့ ဝယ်မကျွေးဘူး။ ချိုချဉ် ဝယ်ကျွေးမယ်ဆိုပြီး ချိုချဉ်ဝယ်ကျွေးတာ။

အများကြီး စားခွင့် ပြုမထားဘူး။ ကျန်းမာရေးထိခိုက်မှာဆိုးလို့။ ပေးထားတဲ့ ချိူချဉ်ကုန်ရင်ပြော ဘယ်သူ့ဆီမှ မတောင်းနဲ့ သမီး ဝယ်ကျွေးမယ်။ ထပ်ဝယ်ပေးမယ် ပြောထားတယ်။” လို့ ဒုရဲအုပ် မေဖြိုးကိုက ပြောပါတယ်။

မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သိန်းဌေးဝင်းက ရဲမေ ဒုရဲအုပ်မေဖြိုးကိုက အချုပ်သားတွေကို စည်းရုံမှုအရမ်းတော် တယ်အားလုံးနဲ့အဆင်ပြေ အပြန်အလှန်လေးစားမှုလည်း ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။

tday 3

ချောက်မြို့မရဲစခန်းတွင် ချုပ်ကျခံနေရသော အချုပ်သား ၁၄ ဦး မှ ၁၁ ဦးက ဆေးလိပ်နှင့် ကွမ်းယာစား ကြသူများဖြစ်ပြီး ကျန်တဲ့ ၃ ဦး မှာ ဆေးလိပ် နှင့် ကွမ်းယာ တစ်မျိုးစီ သုံးစွဲတတ်သူတိုတို့ဖြစ်တယ်လို့ သိရပါတယ်။

Facebook Comments
993 Shares