မှတ်ပုံတင်လုပ်ရင် လဝကရုံးမှ အချိန်ဆွဲခြင်း ပြန်လွှတ်ခြင်း ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်ပါက တရားစွဲနိုင်

147
365 Shares

မှတ်ပုံတင်လုပ်ရင် လဝကရုံးမှ အချိန်ဆွဲခြင်း ပြန်လွှတ်ခြင်း ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်ပါက တရားစွဲနိုင်

fdaxfz

သို့

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန

………………..မြို့။

ရက်စွဲ။ ။……………..

အကြောင်းအရာ။ ။နိုင်ငံသားစိစစ်ရေးကဒ်လျှောက် ထားခြင်း။

ရည်ညွန်းချက်။ ။၁၉၈၂ နိုင်ငံသားဥပဒေပုဒ်မ၃၊၅ ၊ ၆၊၇။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၅၊၃၄၇၊၃၆၂။

မှတ်ပုံတင်ပြုလုပ်သူများကို လဝကရုံးမှ အချိန်ဆွဲခြင်း ပြန်လွှတ်ခြင်း ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်ပါက အထက်ပါအကြောင်းအရာ ကိစ္စနှင့်ပက်သက်၍ ကျွန်တော်/ကျွန်မ တို့သည် နိုင်ငံသားစိစစ်ရေးကဒ်လျှောက်ထားရာတွင် လဝကရုံးဍ်ကြန့်ကြာမှု၊သွေးနှောဟုသတ်မှတ်ခံရမှု့၊ သက်မှတ်ကြာချိန်ထက်ပိုမိုကြာမြင့်ခြင်းများ ဖြစ်ပေါ်ခံစားနေရပါသည်။

ရပ်ကျေးရုံးများဍ်လည်းကောင်း၊ စာသင်ကျောင်းများဍ်လည်းကောင်း မှတ်ပုံတင် ပြုလုပ်ပေးမှုများရှိသော်လည်း ဘာသာခြားဆိုပါကမှတ်ပုံတင် ရရှိခြင်းမရှိပါ။ ဘိုးဘေး ဘီဘင်များလက်ထက် မင်းမှုထမ်ခဲ့ပြီး သားစဉ်မြေးဆက် နိုင်ငံတာဝန်များကျေပွန်စွာထမ်းဆောင်ခဲ့သော်လည်း ဘာသာခြားးဖြစ်ပါက

fdaxfz

တိုင်ရင်းသားအခွင့်အရေးများ ဆုံးရှုံးပြီး တစ်ဆင့်နိမ့်နိုင်ငံသားအဖြစ်သွပ်သွင်းခံရမှုများကြုံတွေ့ခံစားနေရပါသည်။ သွေးနှောအမှန်တကယ်စစ်ဆေးလိုပါက ၁၈၆၄နိုင်ငံခြားသားများအက်ဥပဒေ၊ ၀၉၄၀နိုင်ငံခြားသားများမှတ်ပုံတင်ရေးဥပဒေတို့ကို ပြဌာန်းခဲ့ပြီး နိုင်ငံခြားသားများမှတ်ပုံတင်FRCထုပ်ပေးခဲ့ပြီးဖြစ်ပါသည်။

ထိုအချိန်များဍ်မြန်မာနိုင်ငံသားများအား မည်သည့်လက်မှတ်မှ ထုတ်မပေးခဲ့သဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသားများအား ခွဲခြားပြီးဖြစ်ပါသည်။ ထိုကြောင့်သွေးနှောများ အား စိစစ်လိုပါက လဝကရုံးဍ်ရှိသောအချက်လက်များဖြင့်လည်းကောင်းFRC များမှဆင်းလာသောသူများကို စိစစ်ခြင်းဖြင့်လည်းကောင်း၊ အဖြေထွက်မည်ဖြစ်သော်လည်း ပြည်တွင်းဍ်နေထိုင်ပြီး ရှေးရှင်ဘုရင်များလက်ထက်ဍ်မင်းမှုထမ်းခဲ့သူများ မဆင်းသက်သူများအား သံသယဟုဆိုကာအတင်းအကြိပ်စိစစ်သွေးနှေစေခြင်းသည်တရား မျှတမှုမရှိပါ။

fdaxfz 1

ထို့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်းဆန့်ကျင်နေပါသည်။ ကြာမြင့်ရမည်ရက်များကို အမိန့်ညွန်ကြားချက်အရ မှတ်ပုံတင်ပြုလုပ်ပေးရန် စုပေါင်းလက်မှတ်ထိုးတင်ပြအပ်ပြီး လိုက်နာမှုမရှိပါကအဆင့်ဆင့်တိုင်ကြားပြီး တရားစွဲသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

လျောက်ထားသူများ
၁။
၂။
၃။

မိတ္တူကို-နိုငံတော်သမ္မတဦးဝင်းမြင့်၊နေပြည်တော်

လူ/ကယ်/ပြန် ဝန်ကြီး ၊နေပြည်တော်

မိမိ နေထိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး ဝန်ကြီးချူပ်

ပြည်သူ့ လွှတ်တော် /အမျိုးသားလွှတ်တော်/တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်

တိုင်း/မြို့နယ် ထွေအုပ်

– လက်ခံ။

Facebook Comments
365 Shares