E.T.S

Every Time Story

ပြည်တွင်းသတင်း

ရန်ကုန်မြို့တွင် အဝေးပြေးယာဉ်ရပ်နားကွင်းသစ်တခု ထပ်ဆောက်မည်

fdgsahfdgshjafgd4536743657436754

ရန်ကုန်မြို့တွင် အဝေးပြေးယာဉ်ရပ်နားကွင်းသစ်တခု ထပ်ဆောက်မည်

fdgsahfdgshjafgd4536743657436754

ရန်ကုန်မြို့မှာ အဝေးပြေးယာဉ်ရပ်နားကွင်းသစ်တခု ထပ်မံတည်ဆောက်သွားဖို့ ရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခရီးသည်တွေ သွားလာရေးအဆင်ပြေအောင်လို့ အဝေးပြေး ယာဉ်ရပ်နားစခန်းသစ်တခုကို တိုးချဲ့တည်ဆောက်ဖို့စီစဉ်နေတာဖြစ်ပါတယ်။

အဲဒီ အဝေးပြေးယာဉ်ရပ်နားစခန်းကနေ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးတွေကို သွားလာနေတဲ့ ကားကြီးတွေ သွားလာဖို့အတွက် တည်ဆောက်မှာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေနဲ့ ဇူလိုင် ၁၅ ရက်က တွေ့ဆုံပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

fdgsahfdgshjafgd4536743657436754

အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ဖို့အတွက် အစီအစဉ် ရေးဆွဲထားပြီး အမှတ် ၂ လမ်းမကြီးဘေးမှာ တည်ဆောက်ဖို့ လျာထားတယ်လို့ စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ဒါ့အပြင် အဝေးပြေးဝင်းသစ်တည်ဆောက်ဖို့အတွက် တင်ဒါခေါ်ယူသွားမှာဖြစ်ပြီး မြေဧက ၃၀ ပေါ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

fdgsahfdgshjafgd4536743657436754

လက်ရှိမှ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းကို ရွေ့ပြောင်းနေတယ်ဆိုတဲ့ သတင်းပေါ်ထွက်နေတာဟာ မှန်ကန်မှုမရှိဘူးလို့လည်း အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဌာနမှူး ဦးတင်မောင်ကြည် က ပြောပါတယ်။ရန်ကုန်မြို့ကနေ မြန်မာပြည်အနှံ့ကို အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေးနဲ့ ရွေမန်းသူကားဝန်းကနေ နေ့စဉ် ကားအစီးရေထောင်ကျော် ပြေးဆွဲနေတယ်လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရဲ့ စာရင်းမှာတွေ ဖော်ပြပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

949 Shares
Share949
Tweet
Share
Pin