E.T.S

Every Time Story

ပြည်တွင်းသတင်း

စော်ကားဖို့ကြိုးစားသူရဲ့ လျှာကို ကိုက်ဖြတ်ပစ်ခဲ့တဲ့ ၈ နှစ်အရွယ်ကလေးမလေး

ghfjdhgfjdhsgjfdsghkjfds658437658765843768576

စော်ကားဖို့ကြိုးစားသူရဲ့ လျှာကို ကိုက်ဖြတ်ပစ်ခဲ့တဲ့ (၈)နှစ်အရွယ်ကလေးမလေး

ghfjdhgfjdhsgjfdsghkjfds658437658765843768576

အသက်(၅၀)အရွယ် တောင်ကိုရီးယား နိုင်ငံသားတစ်ဦးဟာ ယခင်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ် ချမှတ်ခံထားရတာပါ။အပြင်ရောက်လို့ သိပ်မကြာမီမှာပင် အလားတူပြစ်မှုမျိုး ထပ်ကျူးလွန်ခဲ့ပါတယ်။အဆိုပါတရားခံဟာ နေအိမ်တခုအတွင်း ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီးနောက် အသက်(၈)နှစ်အရွယ် ကလေးမလေးကို မတရားကြံခဲ့တာပါ။

ဒါပေမယ့် ကလေးမလေးဟာ တရားခံရဲ့လျှာကို ကိုက်ဖြတ်လိုက်တဲ့အတွက် သူဟာ သွေးသံရဲရဲနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ကလေးမလေးကလဲ ရပ်ကွက်ကို အော်ဟစ် အကူညီတောင်းခဲ့ပါတယ်။ရဲတွေရောက်လာတဲ့အခါ သူမဟာ အခန်းလွတ်တခုမှာ ပုန်းအောင်းနေခဲ့ရာက ထွက်လာခဲ့ပါတယ်။

ghfjdhgfjdhsgjfdsghkjfds658437658765843768576

ကျူးလွန်သူကိုတော့ အခင်းဖြစ်တဲ့နေရာနဲ့ မနီးမဝေးမှာ ဖမ်းမိခဲ့ပါတယ်။ကာယကံရှင် ကောင်မလေးရဲ့အဆိုအရ သူမအိပ်ပျော်နေစဉ်မှာ လူတယောက်ဝင်လာကြောင်း သူမကို ဖက်တွယ် နမ်းရှုံ့ရင်း လိင်ပိုင်းစော်ကားဖို့ကြိုးစားခဲ့ကြောင်း သူမက တမင် အိပ်ချင်ယောက်ဆောင်နေစဉ် ကျူးလွန်သူက ပါးစပ်အတွင်းကို လျှာထိုးသွင်းချိန် မိမိရရ ကိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကျူးလွန်သူ အမျိုးသားဟာ ယခင်က အိမ်အနီးတွင် နေထိုင်ခဲ့ဖူးသူဖြစ်ပြီး သူအရင်ပြစ်မှု့နဲ့ အဖမ်းခံရချိန်မှာ အိမ်ရောင်းသွားခဲ့တာပါ။သူဟာ အိမ်ရဲ့အထားအသိုနဲ့ တံခါးကို ဘယ်လိုဖွင့်ရမယ်ဆိုတာကို သိနေခဲ့တာပါ။ရဲကတော့ ကျူးလွန်သူရဲ့ အမည်ကို ဖော်ထုပ်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ghfjdhgfjdhsgjfdsghkjfds658437658765843768576

ကျူးလွန်သူကို 2015 ခုနှစ်မှာ ထောင်ကနေပြီး လွှတ်ပေးလိုက်တာပါ။အကြောင်းကတော့ သူဟာ ဆေးကုသဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်ပေးလိုက်တာလို့ သိရပါတယ်။ယခုအခါမှာတော့ သူဟာ ထောင်ဒဏ် (၈)နှစ်ထိ ကျခံရဖို့ရှိနေပါပြီ။

Facebook Comments

Comments are Closed

Powered by M.N.T

548 Shares
Share548
Tweet
Share
Pin