သမီးလေး VICTORIA အမှုမှာ စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းတစ်ခု ကိုပြောပြလာတဲ့ စိုင်းစိုင်း နဲ့ ချစ်သုဝေ

E.T.S

Every Time Story

ပြည်တွင်းသတင်း

သမီးလေး VICTORIA အမှုမှာ စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းတစ်ခု ကိုပြောပြလာတဲ့ စိုင်းစိုင်း နဲ့ ချစ်သုဝေ

gfjdhgjkfdgkdfjskd5476385768574685784976958473695 1

သမီးလေး VICTORIA အမှုမှာ စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းတစ်ခု ကိုပြောပြလာတဲ့ စိုင်းစိုင်း နဲ့ ချစ်သုဝေ

gfjdhgjkfdgkdfjskd5476385768574685784976958473695 1

ပြည်သူလူထုတွေကြားမှာ အရမ်းကို ဟစ်ဖြစ်နေတဲ့ ဗစ်တိုးရီးယားလေးကိစ္စနဲ့ ပတ်သက်ပြီး အနုပညာရှင်များစွာက ဝန်းရံခဲ့ကြပါတယ်။ ဒီလိုဝန်းရံကြတဲ့ နေရာမှာ ချစ်သုေ၀ နဲ့ လင်းလင်းတို့ ကတော့ အစွမ်းကုန်ကူညီခဲ့ကြသူတွေပါ။ ယနေ့မှာတော့ သမီးလေးနဲ့ ပတ်သက် တဲ့ သတိထားရမယ့် အကြောင်းအရာတွေကို ပြောထားတဲ့ မေတ္တာရပ်ခံပန်ကြားချက်ကို ပြန်လည်မျှဝေရင်း စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းဘဲ ဆိုကာ အဆိုတော်၊သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် နဲ့ ချစ်သုဝေတို့က ရေးသားဖော်ပြခဲ့ပါတယ်။

gfjdhgjkfdgkdfjskd5476385768574685784976958473695 2

မေတ္တာရပ်ခံပန်ကြားချက် ထဲမှာတော့ သမီးတို့မိသားစုဟာ တရားရုံးကို လာရောက်ထွက်ဆိုဖို့ရှိတာကြောင့် အဲ့ဒီအချိန်မှာ သမီးလေး အပါအဝင် မိသားစုတွေရဲ့ ဓါတ်ပုံကို ရိုက်ကူးခြင်း၊ မျှဝေခြင်းတွေ လုံးဝမလုပ်ကိုင်ဖို့ တောင်းပန်ထားပါတယ်။ သူတို့ရဲ့ မေတ္တာရပ်ခံချက် အပြည့်အစုံကတော့ “သမီးလေး ဗစ်တိုးရီးယားနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ မိသားစုဝင်တွေနဲ့ အထူးသဖြင့် သမီးလေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မတင်ဖို့ မီဒီယာတွေကို (ကျွန်တော်တို့ တောင်းဆိုခွင့်ရှိတာထက်ကျော်လွန်ပြီး) တောင်းပန်ချင်ပါတယ်”

gfjdhgjkfdgkdfjskd5476385768574685784976958473695 5
gfjdhgjkfdgkdfjskd5476385768574685784976958473695 3

“အကယ်၍များ တင်လာခဲ့ရင်လည်း အဲဒီ ဓာတ်ပုံတွေကို မရှယ်ဖို့ ဖေ့စ်ဘုတ်သုံးစွဲသူများကိုလည်း မေတ္တာရပ်ခံလိုပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းရဲ့ စာနာမှု၊ လူသားဆန်မှု မှတ်ကျောက်တစ်ခု ဖြစ်လာမှာပါ။ သမီလေး အနာဂတ်အတွက် ဒါလေးတော့ ဝိုင်းဝန်း ကူညီပေးပါ” လို့ ဆိုပြီး ရေးသားထားပါတယ်။

gfjdhgjkfdgkdfjskd5476385768574685784976958473695 4

အဲ့ဒီမေတ္တာရပ်ခံချက် ကို မျှဝေပြီး စိုင်းစိုင်းခမ်းလှိုင် က “စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းတစ်ခု”လို့ရေးသားခဲ့ပြီး၊ ချစ်သုေ၀ ကလဲ “ မေတ္တာ ရပ်ခံပန်ကြားချက် အမှန်ကတော့ သတိပေးစရာမလိုအောင်စောင့်ထိန်းရမယ့်လူမှုစည်းကမ်းပဲ!!!” ဆိုပြီးရေးသားခဲ့ပါသေးတယ်။ ဒီမေတ္တာချက်ကို ဖတ်ရှု့မိသူတွေအနေနဲ့ မျှဝေပေးသွားဖို့ တိုက်တွန်းပါတယ်နော်။ သမီးလေးရဲ့ အနာဂတ်အတွက် လိုက်နာ နိုင်ကြမယ် ထင်ပါတယ်။

gfjdhgjkfdgkdfjskd5476385768574685784976958473695 4

ဖတ်ရှု့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Facebook Comments
784 Shares

Comments are Closed

Powered by M.N.T

784 Shares
Tweet
Share784