ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ သေရတဲ့ဖြစ်ရပ်

E.T.S

Every Time Story

ပြည်တွင်းသတင်း

ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ သေရတဲ့ဖြစ်ရပ်

fhdsagfdhgfhdsagfd54354362546234564327543254 1

ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ သေရတဲ့ဖြစ်ရပ်

fhdsagfdhgfhdsagfd54354362546234564327543254 1

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့ သရက်လိန်အုပ်စု သူရဲဇီးကျေးရွာ မြစ်ကမ်းနားဘက်ဖြတ်လမ်း လမ်းကြားတွင်ယာဉ်မောင်းတစ်ဦး ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ သေရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ဆန်တင်ပြီး ရန်ကုန်သွားပို့မှာ သူ့ရွာခဏဝင်တာ ကားစက်နိူးမရလို့ ပြင်ရင်းဖြစ်သွားတာ ဘက်ဂီယာထိုးထားပြီးသတိလွတ်သွားတာထင်တယ်ဗျ ကားရှေ့ဘီးကခြေထောက်အရင်နင်းခံရတာလူကဟန်ချက်ပျက်ပြီးလဲတော့ ကားဘီးနဲ့ ခေါင်းကိုကြိတ်မိတာ သူ့ကားက သူ့ပြန်နင်းမိပြီးသေသွားတာပေါ့ဗျာ စိတ်မကောင်းစရာဘဲဗျာ”ဟု ပန်းတောင်းမြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ကျော်မင်းဦးက ပြောသည်။

fhdsagfdhgfhdsagfd54354362546234564327543254 1

ဖြစ်စဉ်မှာ(၁၃.၇.၂၀၁၉)ရက်နေ့ နေ့လည် (၃)နာရီအချိန်ခန့်ယာဉ်မောင်း မျိုးဝင်းကျော် မောင်းနှင်သည့် MGY-1B /5907 NISSAN အမျိုးအစား(အစိမ်းရောင်)ခေါင်းတို ဆယ်ဘီးကားသည် ဆန်များတင်ဆောင်ထားပြီးသူရဲဇီးကျေးရွာ ပန်းတောင်း-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၉/၁ နှင့်၉/၂အကြား မြစ်ကမ်းဘက်လမ်းသွယ်တွင် ကားစက်ပျက်၍ရပ်ထားပြီး ယာဉ်မောင်းမှကားစက်စမ်းရာ နိူးမရသဖြင့် ဝါယာကြိုးအားကိုင်ပြီး

fhdsagfdhgfhdsagfd54354362546234564327543254 2

ကားအောက်ဘက် Cut Out အားထောက်ပြီး စက်နိူးရန်ကားပေါ်မှဆင်းကာ ကားအောက်သို့အရောက်ကားမှာ ဘက်ဂီယာဝင်နေသည်ကိုမသိဘဲ ကားဘီးနောက်သို့လိမ့်စဉ် ယာဉ်မောင်း၏ ယာဘက်ခြေခုံအားတက်ကြိတ်မိပြီး ဟန်ချက်ပျက်ကာ ကားရှေ့ဘီးအောက်နောက်ဘက်သို့ လဲကျသွားရာ ဦးခေါင်းအားတက်ကြိတ်မိသေဆုံးခဲ့ကြောင်း သိရသည်။

fhdsagfdhgfhdsagfd54354362546234564327543254 3

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပန်းတောင်းမြို့မရဲစခန်း(ပ)၁၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရအမှုဆောင်ရွက်ကာ အမှုအားဒုရဲအုပ်အောင်ဇော်ထက်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

Facebook Comments
292 Shares

Comments are Closed

Powered by M.N.T

292 Shares
Tweet
Share292