ကျေးဇူးပြု၍ Share ပေးကြပါရှင်

E.T.S

Every Time Story

ပြည်တွင်းသတင်း

ကျေးဇူးပြု၍ Share ပေးကြပါရှင်

fdsghfhgfdfjydf65376546655465765475636 1

ကျေးဇူးပြု၍ Share ပေးကြပါရှင်

fdsghfhgfdfjydf65376546655465765475636 1

အခုအမှန်ကိုသိရပါပီpostလေးကိုဖတ်ပေးပါဦး

ပုံပါ အမျိုးသမီးကို တွေ့ရင် ပုံ့တို့ကို ဆက်သွယ်ပေးပါရှင်…လက်ရှိ တောင်ကြီးမြို့မှာ ရောက်နေတယ်လို့ သတင်းကြားပါတယ်ရှင်…သူမ အမည်က မစိုးအိမွန်ပါ…စိတ်ကျန်းမားရေးလဲမကောင်းသလို HIV ရော ကူးစက်ခံထားရတဲ့ ဝေဒနာရှင်ပါ…သူမ ဇာတိက ဟင်္သာတမြို့အနီးက နတ်မော်ကပါ…ဘွဲ့ရ ပညာတတ်တစ်ယောက်ပါ…အဖေရယ် အမေရယ် သူရယ် မိသားစုဝင် ၃ ယောက်ထဲရှိတာပါ…သူမ အိမ်ထောင်ကျပြီး အမျိုးသားက ဂျပန်မှာ အလုပ်သွားလုပ်ရင်းနဲ့ သူမနဲ့ ကွဲသွားတာပါ…

နောက်ပိုင်း ဖခင်ကလဲ နောက်အိမ်ထောင်ပြု၊ ယောက်ကျားနဲ့လဲကွဲ စသည်ဖြင့် မိသားစုပြသနာများကြောင့် အမေဖြစ်သူရော သူမပါ စိတ်ကျန်းမာရေးချို့ယွင်းသွားကြရှာတာပါ…သွက်သွက်ခါမဟုတ်တော့ ကြည့်ရင် အကောင်းလိုပါဘဲ…နဂိုက အခြေကြီးခဲ့သူမို့ စိတ်ကျန်းမာရေးမကောင်းချိန်မှာလဲ သူနဂိုဗီဇလေးရှိပြီး ပိုက်ဆံတောင်းပြီး သုံးချင်နေရှာတာပါ…လိမ်ညာစားနေတာ လုံး၀ လုံးဝမဟုတ်ရပါ…

fdsghfhgfdfjydf65376546655465765475636 2

ဟိုးလွန်ခဲ့တဲ့ ၂ နှစ်လောက်တုံးက သူ့ကို ပြင်ဦးလွင်ပြင်စာမှာ အဲ့လို လမ်းဘေးတွေ့တယ်ဆိုပြီးအကြောင်းကြားလို့ ပထမအကြိမ် ရိပ်သာမှာ ပုံ့တို့ ခေါ်ယူစောင့်ရှောက်ခဲ့တယ်…စိတ်ကျန်းမာရေး ဆိုးဆိုးရွားရွားဖြစ်လာလို့ စိတ်ကုဆေးရုံပို့ခဲ့တယ်…အဲ့ချိန်ထိ သူမှာ HIV ပိုးမရှိသေးပါဘူး…စိတ်ရောဂါသာလျှင်ရှိခဲ့တာပါ…နောက် စိတ်ကုဆေးရုံကနေ ပုံ့တို့မသိဘဲ သူထွက်သွားခဲ့တယ်…စိတ်ကုဆေးရုံမှာဘဲ ရှိတယ်အထင်နဲ့ ပုံ့တို့ ဒီလိုဘဲနေခဲ့တယ်…နောက် အခုလိုဘဲ လိုင်းပေါ်မှာ မိုးကုတ်ရောက်နေတယ်ဆိုပြီးတွေ့တော့မှ ဆေးရုံမှာ မရှိတော့မှန်း ပုံ့တို့သိခဲ့ရတယ်…ပုံ့တို့ လိုက်ရှာပြီး သူ့ကို ဒုတိယအကြိမ် ပြန်ခေါ်လာပြီး စောင့်ရှောက်ထားခဲ့တယ်…သူ မူဆယ်ဘက်ရောက်သွားပြီး ကယ်ရီသားက ထိုးကြိတ်ပြီး အစော်ကားခံရတယ်ပြောတယ်…ဗိုက်မှာလဲ ချုပ်ရိုးရာကြီးတွေ့ရပါတယ်ရှင်…

fdsghfhgfdfjydf65376546655465765475636 3

အဲ့လိုနဲ့ ရိပ်သာမှာနေရင်း ပိန်ပြီး ယားနာတွေပေါက်လာလို့ စစ်ကြည့်တော့ HIV+ တဲ့…ပုံ့တို့သူ့ကို ART ဆေးတိုက်ပြီး ကုသပေးခဲ့တယ်…ဒီလိုနဲ့ လွန်ခဲ့တဲ့ ၃ လ လောက်က ပုံ့တို့မသိတဲ့အချိန် ညဘက်ကြီး ရိပ်သာနောက်က ယိုင်နေတဲ့ ခြံစီးရိုးတန်းတွေကို ဖြဲပြီး ထပ်မံထွက်ပြေးသွားခဲ့တယ်…သူ့စိတ်ထဲမှာရှိတော့တာက သူ့အမေကိုရှာမယ်…ပိုက်ဆံရှာမယ်…သုံးမယ် လှအောင်နေမယ်…သူ့စိတ်ထဲ အဲ့ဒါဘဲ သိတော့တာပါ…

fdsghfhgfdfjydf65376546655465765475636 1

မနေ့က ၁၃.၇.၁၀၁၉ ရက်နေ့မှာ သူ့ကိုတောင်ကြီးမှာတွေ့တယ်ဆိုပြီး fb ပေါ်တင်ထားတာတွေ့ရပါတယ်…သူဟာ ယဉ်ယဉ်လေးနဲ့ စိတ်ဝေဒနာခံစားနေရတဲ့ HIV ဝေဒနာရှင်ပါ…သူ ပိုက်ဆံတွေ လိုက်တောင်းနေလို့ သူ့ကို တချို့ကလဲ လူလိမ်လို့ထင်လာကြပါပြီ…ပြီးတော့လည်းသူလမ်းဘေးမှာ နေနေရတယ်…သူ့အတွက်လဲ ဒုက္ခရောက်သလို…သူ့ကို စော်ကားတဲ့သူရှိလာမယ်ဆိုရင်လဲ…HIV ပိုးတွေကူးစက်ပြီး စော်ကားတဲ့လူယုတ်မာရဲ့ မိသားစုဝင်တွေပါ မဆီမဆိုင်ဒုက္ခရောက်မှာစိုးပါတယ်…ဒါကြောင့် သူ့ကိုခေါ်ရတာ ဘယ်လောက်ခက်ခဲခက်ခဲ…သူပုံ့တို့ကို ဘယ်လောက် ဒုက္ခပေးပြီးထွက်ပြေးထွက်ပြေး ပုံ့တို့လက်လှမ်းမှီသလောက် စောင့်ရှောက်ပေးနေအုံးမှာပါ…

fdsghfhgfdfjydf65376546655465765475636 2

ဒါကြောင့် သူ့ကိုတွေ့ရင် ပုံ့တို့ကို ဆက်သွယ်ပေးပါ…လာခေါ်ပါ့မယ်ရှင်….

မသင်းရွှေစင်လှိုင်
ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာ
09791770770,09795929849

Facebook Comments
61 Shares

Comments are Closed

Powered by M.N.T

61 Shares
Tweet
Share61