ဆရာတော် မောင်းနှင်လာသည့်ယာဉ် ကျောင်းသားလေးများကို ဝင်တိုက်မိ

E.T.S

Every Time Story

ပြည်တွင်းသတင်း

ဆရာတော် မောင်းနှင်လာသည့်ယာဉ် ကျောင်းသားလေးများကို ဝင်တိုက်မိ

fhdfdkghfdkjghfjdsfgfsgdf56743654625462754632 4

ဆရာတော် မောင်းနှင်လာသည့်ယာဉ် ထမင်းစားဆင်းလာသော ကျောင်းသားလေးများကို အရှိန်လွန် ဝင်တိုက်မိ တစ်ဦးသေဆုံးကာ သုံးဦးဒါဏ်ရာများရရှိ

fhdfdkghfdkjghfjdsfgfsgdf56743654625462754632 4

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့ မြောက်ဖက် ၂ မိုင်ခန့်အကွာ ဒေဝကျေးရွာ အနီးတွင် ဇူလိုင် ၁၅ ရက်နေ့ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ဆရာတော် မောင်းနှင်လာသည် ယာဉ်မှ ထမင်းစားကျောင်းဆင်းလာသည့် ကလေးများအား အရှိန်လွန် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

fhdfdkghfdkjghfjdsfgfsgdf56743654625462754632 3

ရန်ကုန် မန္တလေး ကားလမ်းအတိုင်း မြောက်မှတောင်သို့ ဆရာ တော် ဥူးပညာဇောတ ၃၃ နှစ် ဥသျှစ်ကုန်းရွာ သံတောင်ကြီးမြို့နယ် နေသူမောင်းနှင်လာသည် တိုယို တာ VITZ 9M….. ယာဉ်သည် ဒေဝကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့ တောင်ဘက်အလွန် ကား လမ်းအနောက်ဘက် မြေသားလမ်းအတိုင်းသွားနေ သော ကျောင်းသား ကျောင်းသူလေးများအားအချိန် လွန်ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

fhdfdkghfdkjghfjdsfgfsgdf56743654625462754632 5

ယာဉ်တိုက်မှုကြောင့် မောင်ဘုန်းကျော်မြင့် ၇ နှစ် ပထမတန်းသည် ယာဉ်တိုက်ခံရသော ဒါဏ်ရာ များဖြင့်သေဆုံး၍ မအိမွန် ၁၃ နှစ် ဆဌမတန်း မောင်ဝေထွန်း ၁၀ နှစ် တတိယတန်း မောင်မြင့်မြတ် အောင် ၆ နှစ် KG တန်း ဒေဝကျေးရွာနေသူတို့ တွင် စိုးရိမ်ရဒါဏ်ရာများရရှိခဲ့သည်။

fhdfdkghfdkjghfjdsfgfsgdf56743654625462754632 1

မောင်းနှင်ထွက် ပြေးသွားသည့် ယာဉ်အား သာဂရနယ်မြေရဲစခန်းမှ တာဝန်းမှူး ရဲအုပ် စိန်သောင်း ဦးစီးအဖွဲ့က ကျေးရွာ ဒေသခံများနှင့်အတူ နောက်မှလိုက်လံစုံစမ်းခဲ့ရာ ရေတာရှည်မြို့တောင်ဘက်အထွက် ရန်ကုန် မန္တ လေးကားလမ်း မိုင်တိုင် ၁၇၄/၁ နှင့် ၂ အကြား၌ ဖမ်းဆီးရမိခဲ့ပြီး ဆရာတော် ဥူးပညာဇောတ အား သိက္ခာချလူဝတ်လဲ၍ သာဂရနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရ သည်။

Facebook Comments
411 Shares

Comments are Closed

Powered by M.N.T

411 Shares
Tweet
Share411