ကျောင်းသားတွေ ကျောင်းကို သွားဖို့ပလတ်စတစ်ကို ဖယ်ရီအဖြစ်အသုံးပြုတဲ့ ရွာလေး

E.T.S

Every Time Story

ပြည်တွင်းသတင်း

ကျောင်းသားတွေ ကျောင်းကို သွားဖို့ပလတ်စတစ်ကို ဖယ်ရီအဖြစ်အသုံးပြုတဲ့ ရွာလေး

ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 4

ကျောင်းသားတွေ ကျောင်းကို သွားဖို့ မြစ်ကိုဖြစ်ကူးတဲ့အခါ ပလတ်စတစ်ကို ဖယ်ရီအဖြစ်အသုံးပြုတဲ့ ရွာလေး

ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 9

မိုးရာသီအတွင်းမုန်တိုင်းတွေ ဖြစ်ပြီး မြစ်ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဗီယက်နမ်မှာရှိတဲ့ ရွာလေးတစ်ရွာမှာ ဆိုရင် မြစ်ရေကြီးမှုနဲ့ရင်ဆိုင်နေရဲပြီး ကလေးတွေကျောင်းသွားတဲ့ အခါမှာအခက်အခဲနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Huoi Ha ဆိုတဲ့ ရွာကလေးက ဝေးလံခေါင်ဖျားတဲ့ နေရာလေးဖြစ်တဲ့ အတွက် သွားရေးလာရေးအတော်ခက်ခဲပါတယ်။ သူတို့ဟာ ပညာရေးကို ဦးစားပေးသည့်အတွက် ကျောင်းတက်နိုင်ဖို့ ရေအရမ်းစီးသန်နေတဲ့ မြစ်ကို ဖြတ်ပြီး ကလေးများကို ပလတ်စတစ်အိတ်ထဲကို ထည့်ပြီး မြစ်ကိုဖြတ်ကူးရတာပါ။

ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 10
ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 7
ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 4

သူတို့က မိုးရာသီအတွင်း ရေကြီးလျှင် သွားလာရန်လွယ်ကူရန် ဝါးတံတားနဲ့ ဝါးဖောင်ကိုအသုံးပြုပြီး သွားလာရတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဝါးဖောင်တွေက သုံးဖို့မသင့်တော်တဲ့အတွက် သန်မာပြီး မြစ်ကို ကျွမ်းကျင်စွာ ကူးနိုင်တဲ့ ယောကျာ်းများကို ကလေးအယောက် ၅၀ ကျော် ကျောင်းသွားဖို့ မြစ်ကိုဖြတ်ပြီး ပို့ဆောင်ပေးဖို့ တာဝန်ပေးထားကြတာဖြစ်ပါတယ်။

Huoi Haရွာရဲ့ ရွာလူကြီးဖြစ်တဲ့မစ္စတာ Vo A Giong က “ ယခု ရေစီးပုံမျိုးနဲ့ဆို အန္တရာယ်ရှိပါတယ်။ ကလေးတွေအတွက်လည်း အလွန်စိုးရိမ်ရပါတယ်။ သူတို့အမြဲတမ်းအသုံးပြုနေတဲ့ ဝါးဖောင်ကလည်း အခုအသုံးပြုလို့ မရတော့ပါဘူး။ ငါတို့ပြည်နယ်အတွက် ပိုမိုအဆင်ပြေသွားလာနိုင်ဖို့အတွက် လမ်းတံတားများ ဆောက်လုပ်ပေးနိုင်ဖို့ မျှော်လင်ပါတယ်လို့” ပြောခဲ့ပါတယ်။

ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 5
ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 6
ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 3

“Huoi Haရွာရဲ့ ကျောင်းသားကလေးအယောက် ၅၀ ဟာ ကျောင်းကိုရောက်ဖို့ ရွာကနေ အတော်ဝေးပါတယ်။ ဆရာများနဲ့ မိဘများက သူတို့ကို တတ်နိုင်တမျှ အကောင်းဆုံး အတန်းတက်နိုင်ဖို့ ကြိုးစားနေပါတယ်လို့” Na Sang ကျောင်းရဲ့ ဒုတိယကျောင်းအုပ် မစ္စ Nguyen Thi Thuy ကပြောပြသွားပါတယ်။

ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 2
ghfjslgfjsfjkdsljglksjhfkldsjgfklsgjf5747368547685476854736854738695 1

မကြာခင်မှာပဲ ပို့ဆောင်ရေးဝန်ကြီးဌာနဗီယက်နမ်လမ်းမကြီး အုပ်ချုပ်ရေးမှူး က Huoi Haရွာရဲ့ မြစ်ကို ဖြတ်ပြီး ကျောင်းသွားတဲ့ကလေးတွေကို ပလတ်စတစ်နဲ့သယ်ဆောင် သွားရတဲ့အခြေအနေကို စာနယ်ဇင်း အေဂျင်စီများရဲ့ တုန့်ပြန်ချက်များကို လက်ခံရရှိပြီးနောက် ဤပြဿနာကို ဖြေရှင်းပေးဖို့အတွက် အခြေအနေကို စစ်ဆေးခြင်းနဲ့ ဒေသခံများကို ညှိနှိုင်းဖို့ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

Facebook Comments
129 Shares

Comments are Closed

Powered by M.N.T

129 Shares
Tweet
Share129