ရန်ကုန်မြို့တွင် အဂတိမှုဖြင့်အရေးယူခံရသော စည်ပင်ဝန်ထမ်းမရှိသေးဟု ဆို

E.T.S

Every Time Story

ပြည်တွင်းသတင်း

ရန်ကုန်မြို့တွင် အဂတိမှုဖြင့်အရေးယူခံရသော စည်ပင်ဝန်ထမ်းမရှိသေးဟု ဆို

gkfjgfkjdsjgfjksghfjkdshgfjk867468574386954675893675 1

လက်ရှိအစိုးရလက်ထက် ရန်ကုန်မြို့တွင် အဂတိမှုဖြင့်အရေးယူခံရသော စည်ပင်ဝန်ထမ်းမရှိသေးဟု ဆို

gkfjgfkjdsjgfjksghfjkdshgfjk867468574386954675893675 1

လက်ရှိအစိုးရလက်ထက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် အဂတိလိုက်စားမှုဖြင့် အရေးယူထားသောစည်ပင်ဝန်ထမ်း မရှိသေးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှဌာနမှူး ဦးကျော်မင်းက ပြောသည်။ရန်ကုန်မြို့ရှိ မြို့တော်ခန်းမတွင် ဇူလိုင်လ ၁၅ ရက်ကကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

gkfjgfkjdsjgfjksghfjkdshgfjk867468574386954675893675 2

“ကျွန်တော်တို့လိုက်နာရတာက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရပြီး အဲဒီထဲကနေ ဖောက်ဖျက်ချိုးဖောက်ရင် အဲဒီမှာပြဋ္ဌာန်းထားတဲ့အတိုင်းအရေးယူမှုတွေလုပ်တယ်။ အဂတိဆိုရင် အဂတိတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူတယ်။ ကျွန်တော်သိထားသလောက်တော့ လက်ရှိအစိုးရ လက်ထက်မှာ အဂတိလိုက်စားလို့အရေးယူခံရတဲ့စည်ပင်ဝန်ထမ်း ရန်ကုန်စည်ပင်မှာ ယနေ့အချိန်အထိ မရှိသေးပါဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှဌာနမှူး ဦးကျော်မင်းက ပြောသည်။

gkfjgfkjdsjgfjksghfjkdshgfjk867468574386954675893675 3

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၈ စည်ပင်ဥပဒေကို ရေးဆွဲကာ လုပ်ငန်းများကို လုပ်ဆောင်နေပြီး ယခုအချိန်အထိ အဆိုပါဥပဒေနှင့် အရေးယူဆောင်ရွက်မှုများလည်း မရှိသေးကြောင်း သိရသည်။လက်ရှိမြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းထားကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခြင်းများကို ထိရောက်စွာလုပ်ဆောင်နေသည်။

Facebook Comments
619 Shares

Comments are Closed

Powered by M.N.T

619 Shares
Tweet
Share619