မိဘတွေ အိမ်ပြန်လာအောင် ပြန်ပေးဆွဲခံရတယ်လို့ လိမ်ညာခဲ့တဲ့ ကောင်လေးရဲ့အဖြစ်

42
177 Shares

မိဘတွေ အိမ်ပြန်လာအောင် ပြန်ပေးဆွဲခံရတယ်လို့ လိမ်ညာခဲ့တဲ့ (၁၃)နှစ်သားတစ်ဦးရဲ့အဖြစ်

ghyjol

တရုတ်နိုင်ငံက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ နိုင်ငံရဲ့အခြားတစ်ဖက်ခြမ်းမှာ အလုပ် သွားရောက် လုပ်ကိုင်နေကြတဲ့ မိဘနှစ်ပါးအိမ်ပြန်လာအောင် သူ့ကိုယ်သူ ပြန်ပေးဆွဲခံရတယ်လို့ အကွက်ဆင်ခဲ့မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း တရုတ်မီဒီယာတွေက ဖော်ပြလိုက်ပါတယ်။ ဆီချွမ်ပြည်နယ်၊ လူဇူမြို့က (၁၃)နှစ်သား လေးကို ပြီးခဲ့တဲ့မေလ(၈)ရက်က ထရပ်ကားအပျက်တစ်စင်းအတွင်း ကြိုးတုပ်ခံထားရကာ ပါးစပ်ထဲအ၀တ်စဆို့ ခံရလျက်အနေအထားနဲ့ တွေ့ရှိခဲ့ကြရပါတယ်။

ghyjol

သူက လမ်းဖြတ်ကူးနေချိန် တစ်စုံတစ်ဦးက Sprayနဲ့ဖြန်းပက်လိုက်ချိန်မှာ မေ့မြောသွားခဲ့ပြီး ပြန်နိုးလာ ချိန်မှာ ကားထဲကို ရောက်နေတာပါလို့ သက်ဆိုင်ရာထံ ပြောပါတယ်။ ကောင်လေးမှာ ဒဏ်ရာတစ်စုံတစ်ရာမရခဲ့ ဘဲ ဘာပစ္စည်းမှလည်း ခိုးယူခြင်းမခံရတာကြောင့် ပြန်ပေးသမားတွေက ဘာကြောင့် ပြန်ပေးဆွဲခဲ့သလဲဆိုတာ ရဲ တပ်ဖွဲ့က အဖြေရှာဖို့ ခက်နေခဲ့ရပါတယ်။ ကောင်လေးနဲ့ မိသားစုဝင်တွေကို အချိန်ကြာမြင့်စွာနဲ့ မေးမြန်းစစ် ဆေးခဲ့ပြီးတဲ့နောက်မှာတော့ မိဘတွေအိမ်ပြန်လာအောင် လုပ်ကြံဖန်တီးခဲ့တာလို့ ကောင်လေးက ၀န်ခံခဲ့ပါတယ်။

ghyjol

(၁၃)နှစ်သားဟာ အဘိုးအဘွားတွေနဲ့အတူနေတာဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားတွေဖြစ်တဲ့ အဖေနဲ့အမေကို မတွေ့ခဲ့ရတာဟာ နှစ်သစ်ကူးချိန်ကတည်းကလို့ ပြောပြပါတယ်။ အဘိုးဖြစ်သူကလည်း ကြုံရာအလုပ် လုပ်နေသလို အဘွားဖြစ်သူဆိုပြန်ရင်လည်း လယ်ကွင်းမှာ အလုပ်သွားလုပ်ရတဲ့အတွက် အလွန်အမင်းအထီး ကျန်နေခဲ့ရှာတာပါ။ အဖေနဲ့အမေကို ဖုန်းဆက်ခေါ်ရုံလောက်နဲ့ ရောက်လာကြမှာ မဟုတ်ဘူးဆိုတာ သိတဲ့အ တွက် ကိုယ့်ကိုယ်ကို ပြန်ပေးဆွဲခံရတယ်ဆိုပြီး လိမ်ညာခဲ့တာဖြစ်ပါတယ်တဲ့။

ghyjol

တရုတ်မီဒီယာတွေ ဖော်ပြမှုထဲမှာ ကလေးရဲ့အဖေနဲ့အမေဟာ သားဖြစ်သူထံ ပြန်လာခဲ့ခြင်းရှိမရှိကိုတော့ ထည့်သွင်းရေးသား ထားခြင်းမရှိပါဘူး။ တရုတ်နိုင်ငံမြို့ငယ်ရွာငယ်တွေက မိဘတွေဟာ ၀င်ငွေပိုမိုရရှိ စေဖို့အတွက် မြို့ကြီးတွေဆီ သွားရောက်လုပ်ကိုင် လျက်ရှိတာကြောင့် အိမ်မှာချန်ထားခံရတဲ့ ကလေးငယ်တွေ (၁၀)သန်းမက ရှိနေတယ်လို့ သိရပါတယ်

Facebook Comments
177 Shares