ဘရားဇီးနိုင်ငံတွင် ငါးအရေခွံနဲ့ လိင်အင်္ဂါ ပြောင်းလဲမှုပြုလုပ်

2737
544 Shares

ဘရားဇီးနိုင်ငံတွင် ငါးအရေခွံနဲ့ လိင်အင်္ဂါ ပြောင်းလဲမှုပြုလုပ်

ty 2

ဘရာဇီးနိုင်ငံမှာ အမျိုးသားဘ၀ကနေ အမျိုးသမီးအဖြစ် လိင်ပြောင်းလဲထားသူ တစ်ဦးက လိင်အင်္ဂါကို ငါးအရေခွံ အသုံးပြုပြီး အစားထိုးခွဲစိတ်မှု အောင်မြင်သွားခဲ့တယ်လို့ စပွန်နစ်သတင်းမှာ ဖော်ပြထားပါတယ်။

ty 3

အသက်(၃၅)နှစ်အရွယ် လိင်ပြောင်းလဲထားသူ အမျိုးသမီးတစ်ဦးက သူ့ရဲ့လိင်အင်္ဂါကို လတ်ဆတ်တဲ့ တီလားပီးယားငါးရဲ့ အရေခွံကို အသုံးပြုပြီး ခွဲစိတ်ကုသခဲ့တာပါ။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် လိင်အင်္ဂါကို ငါးအရေခွဲနဲ့ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ty 1
ty 4

သူဟာ (၁၉၉၉)ခုနှစ်က လိင်ပြောင်းလဲတဲ့ ခွဲစိတ်မှုကို လုပ်ဆောင်ခဲ့ပေမဲ့ လိင်ဆက်ဆံရာမှာ နာကျင်မှုကို ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ အဲ့ဒါကြောင့် အခုတစ်ခါ တီလားပီးယား ငါးရဲ့ အရေခွံကို အသုံးပြုပြီး ပြုပြင်ပြောင်းလဲတဲ့ ခွဲစိတ်မှုကို လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။

ty 5

ခွဲစိတ်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ဘ၀မှာ မိန်းမတစ်ယောက်နဲ့ အပြည့်အ၀တူတယ်ဆိုပြီး ပထမဆုံးအကြိမ် ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Facebook Comments
544 Shares