တောင်ကိုရီးယားရောက် မြန်မာတစ်ဦး လုပ်ငန်းခွင် မတော်တဆမှုနဲ့ သေဆုံး

461
3K Shares

တောင်ကိုရီးယားရောက် မြန်မာတစ်ဦး လုပ်ငန်းခွင် မတော်တဆမှုနဲ့ သေဆုံး

dv 1

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတဦး အင်္ဂါနေ့ မနေ့က လုပ်ငန်းခွင် မတော်တဆမှုနဲ့ သေဆုံးသွားပါတယ်။

သေဆုံးသူ ကိုတင့်ဇော် ဆိုသူဟာ ဂရောင်ဂီဒို ဂိုရမ်းမြို့ အီဆန်ဂု စက်မှုဇုန်ရှိ ဘိလပ်မြေကွန်ကရိမို စက်ရုံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မနေ့နေ့လည်ပိုင်းက သံဖရိန်တန်းတခု ဦးခေါင်းပေါ် ပြုတ်ကျခဲ့တဲ့ဒဏ်ရာနဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

dv 2

အသက် ၃ဝ နှစ်ရှိ ကိုတင့်ဇော်ဟာ မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်ဖူးရွာက ဖြစ်ပြီး တောင်ကိုရီးယားကို ရောက်ရှိတာ ၃၄ ရက်ပဲ ရှိသေးကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဇနီးနဲ့ အသက် ၄ နှစ်အရွယ် သားငယ်တဦး ကျန်ရစ်ကြောင်း သတင်းရရှိပါတယ်။

dv 1

တောင်ကိုရီးယားနိုင်ငံ မြန်မာသံရုံးရှိ အလုပ်သမားရေးရာ သံအရာရှိ ဦးဇေယျာတင်ဝင်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ကာယကံရှင် မိသားစုတွေကို ဆက်သွယ်ပြီး လိုအပ်သလို ကူညီဆောင်ရွက်ပေးနေတယ်လို့ တောင်ကိုရီးယား ရှိ မြန်မာအသိုင်းအဝန်းက ပြောပါတယ်။

dv 1

တောင်ကိုရီးယားနိုင်ငံ၊ ဂရောင်ဂီဒို ဂိုရမ်းမြို့၊ အီဆန်ဂု စက်မှုဇုန်ရှိ ဘိလပ်မြေကွန်ကရိမို စက်ရုံက ထုတ်လုပ်တဲ့ ကွန်ကရိတိုင်များ။

Facebook Comments
3K Shares