E.T.S

Every Time Story

နိုင်ငံတကာသတင်း

ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်သား လေလည်သံအကျယ်ကြီးကြောင့် အဖမ်းခံလိုက်ရ

layphankhanya56743563782567432543782 1

ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်သား လေလည်သံအကျယ်ကြီးကြောင့် အဖမ်းခံလိုက်ရ

layphankhanya56743563782567432543782 1

အမေရိကန် Missouri က ရဲတပ်ဖွဲ့ဟာ ပြစ်မှုကြောင့် အလိုရှိနေတဲ့တရားခံကို ထူးဆန်းတဲ့ပုံစံနဲ့ ဖမ်းမိခဲ့ကြောင်း USA Today သတင်းက ဖော်ပြထားပါတယ်။ တရားခံဟာ ရဲတပ်ဖွဲ့လက်ကနေ လွတ်ဖို့ လုံခြုံတဲ့တစ်နေရာကို ဝင်ရောက်ပုန်းအောင်းခဲ့ပါတယ်။ဒါပေမယ့် သူဟာ လေပွစာတွေကို စားထားပုံရပြီး၊ ကြွက်သားထိန်းချုပ်မှုအားကလည်း နည်းပုံပါဘဲ။ ဒီလိုနဲ့ ရဲတပ်ဖွဲ့ဟာ သူပုန်းနေရာကို မသိဘဲ ကျော်သွားမယ်အလုပ်မှာ သူ့ဆီက လေလည်သံအကျယ်ကြီးကို ရဲတွေက ကောင်းကောင်းကြားလိုက်ရပါတယ်တဲ့။

layphankhanya56743563782567432543782 2
layphankhanya56743563782567432543782 3

လေလည်သံအကျယ်ကြီးကြောင့် ရဲတပ်ဖွဲ့ဝင်တွေတောင် အံ့သြပြီး ကြောင်စီစီဖြစ်သွားပါတယ်။ အဲဒီနောက် တရားခံပုန်းအောင်းနေရာကို ချက်ချင်း ခြေရာခံနိုင်ခဲ့ပြီး၊ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရဲတပ်ဖွဲ့ကတာ့ Clay County Sheriff’s Office လို့ သိရပါတယ်။သူတို့ရဲ့ တရားဝင်လူမှုကွန်ရက်မှာ ” သူက ရဲတပ်ဖွဲ့အလိုရှိနေတဲ့သူပါ .. ဒါပေမယ့် သူ လုံအောင်မပုန်းနိုင်ပါဘူး … သူ လေလည်တာက သိပ်ကျယ်လွန်းတော့ သူဘယ်နေရာမှာ ပုန်းနေတယ်ဆိုတာ ပြလိုက်သလိုပါဘဲ … ဒါ တကယ်ဖြစ်ခဲ့တာပါ “လို့ ရေးသားထားပါတယ်။ တရားခံရဲ့အမည်ကိုတော့ ဖော်ပြမထားပါဘူး။

Facebook Comments

Comments are Closed

Powered by M.N.T

312 Shares
Share312
Tweet
Share
Pin