E.T.S

Every Time Story

နိုင်ငံတကာသတင်း

နှစ်များစွာ သိမ်းထားမိတဲ့အရာကို တန်ဖိုးကြီး ငါးကြီးအန်ဖတ်မှန်းမသိတဲ့ တံငါသည်

hgfjshgfdjshgfkjdshgfjkdsl57846546754765846857476854735 1

နှစ်များစွာ သိမ်းထားမိတဲ့အရာကို တန်ဖိုးကြီး ‘ငါးကြီးအန်ဖတ်မှန်း’မသိတဲ့ တံငါသည်

hgfjshgfdjshgfkjdshgfjkdsl57846546754765846857476854735 1

ငါကြီးအန်ဖက်ကို တံငါသည်တွေက “ပေါလောပေါ်နေတဲ့ရွှေဖက်တွေ”လို့ တင်စားကြပါတယ်။ တကယ်လည်း ငါးကြီးအန်ဖက်ဟာ ရွှေလောက်ကို တန်ဖိုးရှိပြီး၊ ငါကြီးအန်ဖက်တစ်ကီလိုဟာ ပေါင် သောင်းနဲ့ချီအထိ ဖြစ်သွားနိုင်ပါတယ်။ (၂၀၁၆)ခုနှစ် ဧပြီလတုန်းက ဗြိတိန်လင်မယားနှစ်ယောက်ကတော့-

ကြီးမားလှတဲ့ ငါးကြီးအန်ဖက်ကို ရရှိခဲ့လို့ ပေါင် (၇၀၀၀၀)အထိ ရရှိခဲ့ဖူးပါတယ်။ အဲဒီနှစ် နိုဝင်္ဘာလမှာပဲ ဗြိတိန်တံငါသည် သူငယ်ချင်းနှစ်ယောက်ဟာ ကြီးမားလှတဲ့ ငါးကြီးအန်ဖက်ကို ရခဲ့လို့ ပေါင် (၃)သန်းအထိ အညီအမျှခွဲဝေခဲ့ရဖူးပါတယ်။ ငါကြီးအန်ဖက်ကို တန်ဖိုးကြီးရေမွှေးတွေ ထုတ်လုပ်ရာမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

hgfjshgfdjshgfkjdshgfjkdsl57846546754765846857476854735 2

အခုလည်း ထိုင်းတံငါသည်တစ်ဦးဟာ ဝါဖက်ဖက် ပျော့တွဲတွဲအရာတစ်ခုကို ဆယ်ယူပြီး၊ အခြောက်လှန်းကာ နေအိမ်မှာ အမှတ်တရအနေနဲ့ သိမ်းထားခဲ့တာပါ။ သူ သိမ်းထားတာ (၅)နှစ် ရှိနေပါပြီ။ ဒီကြားထဲမှာ သူဟာ အဲဒီအရာကို ဓားနဲ့ခြစ်လိုက်၊ မြားပေါက်တမ်းဆော့လိုက်နဲ့ နေလာခဲ့တာပါ။တကယ်တော့ အဲဒီအရာက တန်ဖိုးကြီး ငါးကြီးအန်ဖက် ဖြစ်နေပါတယ်။ တံငါသည်ရဲ့အမည်ကတော့ Suwat Chitchanthuek ဖြစ်ပြီး ထိုင်းလူမျိုးပါ။ သူဟာ အဲဒီအန်ဖက်ကို (၂၀၁၄)ခုနှစ်က ပင်လယ်ထဲမှာ ထူးဆန်းတဲ့အရာဆိုပြီး ဆယ်ယူခဲ့တာပါတဲ့။

hgfjshgfdjshgfkjdshgfjkdsl57846546754765846857476854735 3

ဒါပေမယ့် Suwat ဟာ ငါးကြီးအန်ဖက်အကြောင်းကို သတင်းတစ်ပုဒ်ကနေ ဖတ်ခဲ့မိပြီးနောက်၊ သူ့အိမ်ကို အမြန်ပြေးလာကာ ဝါဝါအတုံးကြီးကို စစ်ဆေးခဲ့ပါတယ်။ တန်ဖိုးကြီး ငါးကြီးအန်ဖက် ဖြစ်နေပါတော့တယ်။ အခုအခါမှာတော့ သူသိမ်းထားတဲ့ ငါးကြီးအန်ဖက်ဟာ ပေါင် (၂၅၀၀၀)အထိ ဈေးပေးသူ ရှိနေပါပြီ။

hgfjshgfdjshgfkjdshgfjkdsl57846546754765846857476854735 4

Suwat က ” ကျွန်တော်က ငါးပဲဖမ်းတတ်တာလေ .. ဒါတောင်မှ ထူးဆန်းလို့ဆိုပြီး ဆယ်ထားတာ … ဘာမှ မသိခဲ့ဘူး … အဲဒီတော့ ဓားနဲ့လှီးပစ်တာမျိုးတွေ လုပ်ခဲ့မိတာပေါ့ .. နှမြောလိုက်တာပါ … ကျနော်ရတုန်းက အရွယ်အစားအတိုင်းဆိုရင် ဘက်(၂)သန်းလောက် ရမှာ “လို့ ပြောခဲ့ပါတယ်။ ဘက်(၂)သန်းဆိုတာ ပေါင်(၅၀၀၀၀)နဲ့ တန်ကြေးညီပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

2K Shares
Share2K
Tweet
Share
Pin