ထိုင်းသင်္ကြန် ပထမနှစ်ရက်မှာတင် သေဆုံးသူ ၁၀၀ ကျော်

521
4K Shares

ထိုင်းသင်္ကြန် ပထမနှစ်ရက်မှာတင် သေဆုံးသူ ၁၀၀ ကျော်

shghfgf

ထိုင်းသင်္ကြန်ဖြစ်တဲ့ ဆွန်ခရန်ပွဲတော်ရဲ့ အန္တရာယ်များတဲ့ ခုနစ်ရက်တာ ရေကစားပွဲတော်ရဲ့ ပထမနှစ်ရက်မှာတင် ယာဉ်မတော်တဆမှုပေါင်း ၁၀၀၀ နီးပါး ဖြစ်ပါတယ်။

ကြာသပတေးနဲ့ သောကြာနေ့ ဆွန်ခရန် အစနှစ်ရက်မှာတင် ယာဉ်မတော်တဆမှု ၉၆၉ မှု ဖြစ်ပြီး သေဆုံးသူ ၁၀၅ ဦး ရှိကာ ဒဏ်ရာရသူပေါင်းက ၁၀၀၁ ဦး ရှိတယ်လို့ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးရဲ့ လက်ထောက်ဝန်ကြီးဖြစ်သူ ဝိုရာဝတ်တက်ချာဆူပါကာက စနေနေ့မှာ ပြောပါတယ်။

shghfgf

တစ်နိုင်ငံလုံးအတိုင်းအတာအရဆိုရင် နက်ခွန်စီသမ်မာရတ် ပြည်နယ်ဟာ ယာဉ်မတော်တဆမှု အများဆုံးအဖြစ် စံချိန်တင်ပြီး ၄၃ မှုအထိ ရှိပါတယ်။ လော့ဘူရီပြည်နယ်ကတော့ လူသေဆုံးမှုအများဆုံးနဲ့ ခုနစ်ဦး သေဆုံးပြီး နက်ခွန်ရက်ချာဆီမာပြည်နယ်ဟာ ဒဏ်ရာရသူ အများဆုံးအဖြစ် ၅၀ ဦး ရှိခဲ့ပါတယ်။

စာရင်းဇယားတွေအရ ယာဉ်မတော်တဆမှု အများစုဟာ ဟိုက်ဝေးလမ်းတွေနဲ့ ရွာတွေနဲ့ ခရိုင်ခွဲတွေထဲက လမ်းတွေပေါ်မှာ အများဆုံးဖြစ်ကြောင်း သိရပါတယ်။

shghfgf

လမ်းမကြီးတွေ၊ လမ်းသွယ်တွေနဲ့ မြို့ချင်းချိတ်ဆက်လမ်းတွေ အားလုံးမှာ တင်းတင်းကြပ်ကြပ် စည်းကမ်းကြပ်မတ်ဖို့ အာဏာပိုင်တွေက ပြည်နယ်တိုင်းကို တိုက်တွန်းထားတာပဲ ဖြစ်ပါတယ်။

ထိုင်းသင်္ကြန် ဆွန်ခရန်ပွဲတော်ကို ဧပြီ ၁၁ ရက် ကြာသပတေးနေ့ကစလို့ ဧပြီ ၁၇ ရက်နေ့အထိ ခုနစ်ရက်တာ ကျင်းပမှာ ဖြစ်ပါတယ်။

Facebook Comments
4K Shares