တည်းခိုခန်းထဲကအသံတွေကို ခိုးဖမ်းယူတဲ့ ၀န်ထမ်းကို ထောင်(၁၀)လချ

343

တည်းခိုခန်းထဲကအသံတွေကို ခိုးဖမ်းယူတဲ့ ၀န်ထမ်းကို ထောင်(၁၀)လချ

weg

လာရောက်တည်းခိုတဲ့ ဧည့်သည်တွေရဲ့အခန်းထဲက အသံတွေကို သုံးနှစ်ကျော်ကြာကာလအတွင်းမှာ အသံသွင်းဖမ်းယူနေခဲ့တဲ့ အသက်(၄၀)ကျော်အရွယ် တည်းခိုဝန်ထမ်းကို ထောင်ဒဏ်(၁၀)လ ကျခံစေဖို့ ဆိုးလ်ခရိုင်တရားရုံးတစ်ခုကနေ အမိန့်ချမှတ်လိုက်ပြီလို့ သိရပါတယ်။

weg

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ခရိုင်တရားရုံးကနေ အသက် (၄၆)နှစ်အရွယ်အမျိုးသားကို ကျူးကျော်ဝင်ရောက်မှု၊ ဆက်သွယ်ရေးအက်ဥပဒေ တွေနဲ့ ပြစ်မှုထင်ရှားတဲ့အတွက် အထက်ပါထောင်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

weg

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ကြားကာလအတွင်း တရားခံအမျိုးသားဟာ အခန်းအတွင်း လွတ်လပ်စွာရှိနေကြတဲ့ ဧည့်သည်စုံတွဲတွေဆီက အသံသွင်း ယူထားမှု (၂၁)ကြိမ်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အခန်းထဲက မီးချောင်းတွေအတွင်း ဖုန်းကိုထားရှိကာ တရားမ၀င် ကျူးလွန်ခဲ့တာလို့ သိရပါတယ်။

weg

တရားခံဟာ ဆိုးလ်မြို့က တည်းခိုခန်းမှာ ၂၀၁၇နှစ်ကုန်ပိုင်းအထိ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ဂျိုင်အွန်ဂျီပြည်နယ်က တည်းခိုခန်းတစ်ခုဆီ ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

weg

တရားရုံးကနေ တရားခံဟာ အရင်က အလားတူပြစ်မှုမျိုးအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရမှုမရှိ ခြင်း၊ အသံသွင်းယူထားတဲ့ အသံဖိုင်တွေကို အများပြည်သူထံ ဖြန့်ဝေပေးခြင်းမပြုလုပ်ခဲ့တာကြောင့် သက်ညှာတဲ့အနေနဲ့ ထောင်(၁၀)လသာ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Facebook Comments
497 Shares