ဘန်ကောက် ဈေးဝယ်စင်တာတခုတွင် မီးလောင်၊ လူ ၂ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွား….

19

ဘန်ကောက် ဈေးဝယ်စင်တာတခုတွင် မီးလောင်၊ လူ ၂ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွား….

df

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဈေးဝယ်စင်တာတခုမှာ ဧပြီ ၁၀ ရက်နေ့က ဖြစ်ပွားတဲ့ မီးလောင်မှုအတွင်း လူ ၂ ဦးထက်မနည်း သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

အစောပိုင်းမှာ ၃ ဦးသေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

df

မီးလောင်အဆောက်အဦကနေ လူတချို့ ခုန်ချခဲ့ပြီး အဆောက်အဦထဲက လူတွေကို ဘေးလွတ်ရာ ပြောင်းပေးခဲ့တယ်လို့ ပတ္တနားခရိုင် တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုဟာ ဈေးဝယ်စင်တာ၊ ရုံးခန်းတွေနဲ့ ဟိုတယ်တခုတို့ရှိတဲ့ Central World Complex အဆောက်အဦမှာ ဖြစ်ခဲ့တာပါ။

df

အဆောက်အဦ ကားပါကင်အတွင်း မီးစလောင်ခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီမီးလောင်မှုဟာ ဆုန်ခရမ် နှစ်သစ်ကူးမတိုင်မီ ရက်ပိုင်းအလို ကမ္ဘာလှည့်ခရီးသွားတွေ အသွားအလာများတဲ့ နေရာမှာ ဖြစ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Facebook Comments
199 Shares