E.T.S

Every Time Story

နိုင်ငံတကာသတင်း

ကလေးခိုးယူသည်ဟု စွပ်စွဲကာ ရိုက်သတ်ခံခဲ့ရသည့် စိတ်ဝေဒနာသည်

adsfgwertw345wert424356twe 1

ကလေးခိုးယူသည်ဟု စွပ်စွဲကာ ရိုက်သတ်ခံခဲ့ရသည့် စိတ်ဝေဒနာသည်

adsfgwertw345wert424356twe 3

ကလေးခိုးတာလားလို့စွပ်စွဲခံခဲ့ရတဲ့ သနားစရာအမျိုးသမီးဟာ အပြစ်ကင်းကြောင်းသက်သေပြခွင့်မရခဲ့ပါဘူး။ အသက်၄၁နှစ်အရွယ်ရှိ Otera Bibi အမည်ရ စိတ်ဝေဒနာရှင်အမျိုးသမီးဟာ West Bengal အရပ်မှာရှိတဲ့ ကျေးရွာတစ်ရွာကို ရောက်လာခဲ့ရာမှ ကျေးရွာနေလူတွေဟာ သူမကို ကလေးခိုးဖို့်ကြိုးစားတယ်လို့ စွပ်စွဲပြီး အပြစ်ပေးရိုက်နှက်ခဲ့ကြတာဖြစ်ပါတယ်။

adsfgwertw345wert424356twe 2

Otera ဟာ Dilip Ghoshအမည်ရ ရွာသားတစ်ဦးရဲ့ တဲအိမ်ထဲ ဝင်ရောက်ခဲ့တာဖြစ်ပြီး အဆိုပါရွာသားကနေ သူ့ရဲ့ ၁ဝနှစ်အရွယ်ကလေးငယ်ကို ခိုးဖို့်ကြိုးစားနေကြောင်း စွပ်စွဲခဲ့ပြီးနောက် ရွာသားတွေဟာ သူမကို ကြိုးနဲ့တုပ်ပြီး သုံးနာရီကြာရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

adsfgwertw345wert424356twe 2

Oteraဟာ ဖြေရှင်းချက်ပေးဖို့် ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ခဲနဲ့အပေါက်ခံခဲ့ရပါတယ်။ ရွာသားတွေဟာ သူမရဲ့အဝတ်တွေကို ဆွဲဖြဲတာ၊ ဆံပင်ကိုရိတ်ပစ်တာတွေတောင် ပြုလုပ်ခဲ့ကြပြီး ရဲအဖွဲ့ကနေ အခင်းဖြစ်ရာနေရာရောက်လာပြီး oteraကို ဆေးရုံပို့ဖို့လုပ်ခဲ့တဲ့အချိန်မှာတော့ လမ်းမှာတင်သေဆုံးသွားခဲ့ပါတယ်။ ရဲအဖွဲ့ဝင်တွေဟာ မဆင်မခြင်လုပ်ခဲ့ကြတဲ့ ရွာသားတွေကို စစ်ဆေးမေးမြန်းနေတုန်းရှိပြီး အရေးယူအပြစ်ပေးခြင်းတော့ မရှိသေးပါဘူး။

Facebook Comments
413 Shares

Comments are Closed

Powered by M.N.T