Google လမ္းညႊန္ေျမပံုမွာ ဇနီးသည္ေဖာက္ျပားေနတာကို ေတြ႔ခဲ့ရတဲ့ အမ်ိဳးသားရဲ႕ ျဖစ္ရပ္

857
mapsspsma 2
mapsspsma 2

Google လမ္းညႊန္ေျမပံုမွာ ဇနီးသည္ေဖာက္ျပားေနတာကို ေတြ႔ခဲ့ရတဲ့ အမ်ိဳးသားရဲ႕ အျဖစ္

အမ်ိဳးသားတစ္ေယာက္ဟာ ဇနီးျဖစ္သူက သူ႔အေပၚလိမ္ညာၿပီး ေပါင္းသင္းေနထိုင္ခဲ့တာကို သိရွိၿပီးေနာက္ ခ်က္ျခင္းပဲ ကြာရွင္းခဲ့ပါတယ္။ အျဖစ္ကေတာ့ ဒီလိုပါ။ ထိုအမ်ိဳးသားက နာမည္ေက်ာ္တံတားတစ္ခုဆီ သြားလိုတာေၾကာင့္ Google Street View နဲ႔ လမ္းညႊန္ၾကည့္ေနရာကေန မထင္မွတ္ပဲ စံုတြဲတစ္တြဲရဲ႕ ၾကည္ႏူးေနတဲ့ ပံုရိပ္ေတြကို ေတြ႔လိုက္ရပါတယ္။

 

သူေတြ႔ရတာက ခံုတန္းရွည္တစ္ခုမွာ အမ်ိဳးသားတစ္ေယာက္ဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ေပါင္ေပၚမွာ လွဲအိပ္ေနတာပါ။ အမ်ိဳးသမီးကေတာ့ ထိုလွဲအိပ္ေနတဲ့ အမ်ိဳးသားရဲ႕ ဆံႏြယ္ေတြကို အသာအယာ ကိုင္ဖြေပးေနပံုရပါတယ္။ ထိုအမ်ိဳးသမီး၀တ္ထားတဲ့ အ၀တ္အစားေတြဟာ ဇနီးသည္ရဲ႕ အ၀တ္အထည္ေတြနဲ႔ တထပ္တည္း တူေနတာေၾကာင့္ သူက ပိုၿပီးေသခ်ာေအာင္ ခ်ဲ႔ၾကည့္လိုက္တဲ့အခါမွာ ေသခ်ာေပါက္ သူ႔ဇနီးသည္ျဖစ္ေနမွန္း သိလိုက္ရတာပါ။

 

Google Street View ဟာ (၂၀၁၃) ခုႏွစ္တုန္းက ရိုက္ကူးထားတဲ့ ဓာတ္ပံုေတြျဖစ္ေပမယ့္ ထိုအမ်ိဳးသားဟာ သူ႔အေပၚ သစၥာမဲ့ခဲ့တဲ့ ဇနီးသည္ကို ေဒါသတၾကီးနဲ႔ ထိပ္တိုက္ရင္ဆိုင္ေတြ႔ခဲ့ပါတယ္။ သူမကလည္း အရႈပ္အရွင္းရွိခဲ့ဖူးေၾကာင္း ၀န္ခံၿပီးေနာက္ လင္မယားကြာရွင္းခဲ့ၾကပါတယ္။ ၄င္းဓာတ္ပုံေတြဟာ ပီရူးႏိုင္ငံ ၿမိဳ႕ေတာ္လီမာမွာ Google ကင္မရာကားနဲ႔ လိုက္လံရိုက္ကူးထားတဲ့ ဓာတ္ပံုေတြ ျဖစ္ပါတယ္။

၄င္းအမ်ိဳးသမီးနဲ႔ သူမရဲ႕ တိတ္တိတ္ပုန္းခ်စ္သူတို႔ ထိုင္ေနရာ ခံုတန္းကေတာ့ လီမာၿမိဳ႕ေတာ္က Puente de los Suspiros de Barranco တျဖစ္လဲ Bridge of Sighs of the Ravine တံတားနားမွာ ျဖစ္ပါတယ္။ စိတ္မေကာင္းဖြယ္ရာ အခုအျဖစ္အပ်က္ကိုေတာ့ ေဖ့စ္ဘုတ္မွာ Google Street View ဓာတ္ပံုေတြနဲ႔တကြ အိမ္ေထာင္ကြဲလာသူ အဆုိပါ အမ်ိဳးသားက တင္ခဲ့ၿပီး လူေပါင္းမ်ားစြာက စိတ္၀င္တစားနဲ႔ ဖတ္ရႈခဲ့ၾကတာ ျဖစ္ပါတယ္။

 

Unicode Font

Google လမ်းညွှန်မြေပုံမှာ ဇနီးသည်ဖောက်ပြားနေတာကို တွေ့ခဲ့ရတဲ့ အမျိုးသားရဲ့ အဖြစ်

အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူက သူ့အပေါ်လိမ်ညာပြီး ပေါင်းသင်းနေထိုင်ခဲ့တာကို သိရှိပြီးနောက် ချက်ခြင်းပဲ ကွာရှင်းခဲ့ပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။ ထိုအမျိုးသားက နာမည်ကျော်တံတားတစ်ခုဆီ သွားလိုတာကြောင့် Google Street View နဲ့ လမ်းညွှန်ကြည့်နေရာကနေ မထင်မှတ်ပဲ စုံတွဲတစ်တွဲရဲ့ ကြည်နူးနေတဲ့ ပုံရိပ်တွေကို တွေ့လိုက်ရပါတယ်။

 

သူတွေ့ရတာက ခုံတန်းရှည်တစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ပေါင်ပေါ်မှာ လှဲအိပ်နေတာပါ။ အမျိုးသမီးကတော့ ထိုလှဲအိပ်နေတဲ့ အမျိုးသားရဲ့ ဆံနွယ်တွေကို အသာအယာ ကိုင်ဖွပေးနေပုံရပါတယ်။ ထိုအမျိုးသမီးဝတ်ထားတဲ့ အဝတ်အစားတွေဟာ ဇနီးသည်ရဲ့ အဝတ်အထည်တွေနဲ့ တထပ်တည်း တူနေတာကြောင့် သူက ပိုပြီးသေချာအောင် ချဲ့ကြည့်လိုက်တဲ့အခါမှာ သေချာပေါက် သူ့ဇနီးသည်ဖြစ်နေမှန်း သိလိုက်ရတာပါ။

 

Google Street View ဟာ (၂၀၁၃) ခုနှစ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်ပေမယ့် ထိုအမျိုးသားဟာ သူ့အပေါ် သစ္စာမဲ့ခဲ့တဲ့ ဇနီးသည်ကို ဒေါသတကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ပါတယ်။ သူမကလည်း အရှုပ်အရှင်းရှိခဲ့ဖူးကြောင်း ဝန်ခံပြီးနောက် လင်မယားကွာရှင်းခဲ့ကြပါတယ်။ ၄င်းဓာတ်ပုံတွေဟာ ပီရူးနိုင်ငံ မြို့တော်လီမာမှာ Google ကင်မရာကားနဲ့ လိုက်လံရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

 

၄င်းအမျိုးသမီးနဲ့ သူမရဲ့ တိတ်တိတ်ပုန်းချစ်သူတို့ ထိုင်နေရာ ခုံတန်းကတော့ လီမာမြို့တော်က Puente de los Suspiros de Barranco တဖြစ်လဲ Bridge of Sighs of the Ravine တံတားနားမှာ ဖြစ်ပါတယ်။ စိတ်မကောင်းဖွယ်ရာ အခုအဖြစ်အပျက်ကိုတော့ ဖေ့စ်ဘုတ်မှာ Google Street View ဓာတ်ပုံတွေနဲ့တကွ အိမ်ထောင်ကွဲလာသူ အဆိုပါ အမျိုးသားက တင်ခဲ့ပြီး လူပေါင်းများစွာက စိတ်ဝင်တစားနဲ့ ဖတ်ရှုခဲ့ကြတာ ဖြစ်ပါတယ်။

Facebook Comments
2K Shares