အိန္ဒိယတွင် ၈ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ ၃ ဦးအား ထောင်ဒဏ်တသက် ချမှတ်

95
190 Shares

အိန္ဒိယတွင် ၈ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ ၃ ဦးအား ထောင်ဒဏ်တသက် ချမှတ်

tqQ

အိန္ဒိယနိုင်ငံက ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်တွေမှာ ၂၀၁၈ ခုနှစ်က အသက် ၈ နှစ်အရွယ် မွတ်စလင် မိန်းကလေးတယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ အမှုနဲ့ ပတ်သက်တဲ့ အမျိုးသား သုံးယောက်ကို အိန္ဒိယတရားရုံးက ဇွန်လ ၁၀ ရက်နေ့မှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။

အဲဒီအမျိုးသားသုံးယောက်ထဲမှာ ဟိန္ဒူဘာသာရေးဆရာ တယောက်လည်း ပါပြီး အစိုးရ ရှေ့နေတွေက သူတို့သုံးယောက်စလုံးကို သေဒဏ်ချမှတ်ဖို့ ကြိုးစားခဲ့ကြတာပါ။

တရားစွဲခံရတဲ့အထဲမှာ ရဲတပ်ဖွဲ့ဝင်သုံးယောက်လည်း ပါပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင် သုံးယောက်ကိုတော့ သက်သေအထောက်အထားတွေ ဖျက်ဆီးပစ်တဲ့ ပြစ်မှုနဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။

tqQ

အာဏာရပါတီဖြစ်တဲ့ ဘာရာတီယာ ဂျာနာတာ (BJP) ပါတီက အဖွဲ့ဝင်တချို့က အဲဒီအမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ဆန့်ကျင်ခဲ့ပြီးနောက် ဟိန္ဒူအမျိုးသားဝါဒီ BJP ပါတီအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါသေးတယ်။

ကက်ရှ်မီးယားတောထဲမှာ လှည့်လည်ကျက်စားကြတဲ့ လူနည်းစု မွတ်စလင် အသိုင်းအဝိုင်းထဲက အဲဒီမိန်းကလေးဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ မေ့ဆေးပေးခံရပြီး ဘုရားကျောင်းတခုမှာ လှောင်ပိတ်ခံထားခဲ့ရပါတယ်။

သူဟာ သီတင်းပတ်တပတ်ကြာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက် လည်ပင်းညှစ်ခံရတဲ့အပြင် ကျောက်တုံးနဲ့လည်း ထုသတ်ခံခဲ့ရပါတယ်။

မိန်းကလေးငယ်အပေါ် ဒီလိုကျူးလွန်မှုက အဲဒီဒေသမှာ လူနည်းစု မွတ်စလင်တွေကို ဖယ်ရှားရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ တရားရုံးကို တင်ပြတဲ့ စွပ်စွဲချက် အစီရင်ခံစာက ဖော်ပြပါတယ်။

Facebook Comments
190 Shares