အမျိုးသား ၆ ယောက်ရဲ့ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရတဲ့ ကလေးလေးရဲ့အဖြစ်အပျက်

12860
3K Shares

နောက်ဆုံးတော့ အမှန်တရားကအနိုင်ရရှိခဲ့ပြီဖြစ်တဲ့ အမျိုးသား ၆ ယောက်ရဲ့ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရတဲ့ ကလေးလေးရဲ့အဖြစ်အပျက်

ytrwy 1

ပြီးခဲ့တဲ့တဲ့နှစ်က ကက်ရှ်မီးယားဒေသထဲမှာ ၈ နှစ်အရွယ် အမျိုးသမီးလေး အုပ်စုဖွဲ့အဓမ္မပြုျကျင့်ခံရပြီး အသတ်ခံရတဲ့အမှုဟာ လူမှုကွန်ယက်ပေါ်မှာတော်တော်လေး လူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ သတင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

၎င်းအမျိုးသမီးလေးဟာ မသမာသူ လူတစ်စုရဲ့ မေ့ဆေးနဲ့ခေါ်ဆောင်သွားမှုကို ခံခဲ့ရပြီး ပထမဦးစွာ ဘုရားကျောင်းတစ်ခုထဲမှာ ပိတ်လှောင်ခံထားခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာ သူမကိုဖမ်းဆီးသွားတဲ့ အမျိုးသားတွေဟာ အချိန်တစ်ပတ်လောက်ကြာအောင် ဒီကလေးမလေးကို အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။

ytrwy 7ytrwy 6ytrwy 5ytrwy 4ytrwy 3

အဲ့ဒီနောက်မှာဆိုရင်လည်း ၎င်းအမျိုးသားတွေဟာ ဒီကလေးမလေးကို လည်ပင်းညှစ်သတ်ရုံနဲ့ မကျေနပ်နိုင်သေးဘဲ ခေါင်းကိုပါ ကျောက်တုံးနဲ့ ထုသတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်ဟာ ကြားသိရတဲ့လူတော်တော်များများကို ထိတ်လန့်သွားစေခဲ့ရသလို ကလေးမလေးရဲ့မိဘတွေကိုလည်း အင်မတန်ကြေကွဲခံစားရစေခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးဖြစ်ပေါ်ပြီး အချိန်တစ်ခုကြာတဲ့အနောက်မှာတော့ တာဝန်ရှိသူတွေဟာ ဒီအမှုနဲ့ပတ်သတ်တဲ့ သံသယရှိသူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က အပြစ်ရှိကြောင်း အိန္ဒိယတရားရုံးက စီရင်ချက်ချခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ထိုသူ ၆ ယောက်ထဲက ပြစ်မှုပိုထင်ရှားတဲ့ ၃ ယောက်ကိုတော့ သေဒဏ်ချမှတ်ပေးဖို့ တောင်းဆိုထားတာတွေရှိသလို ကလေးမလေး သေခဲ့ရတာနဲ့တန်အောင် အပြစ်ပေးဖို့တောင်းဆိုထားကြတာတွေ့ရပါတယ်။

Facebook Comments
3K Shares