Facebook Top Fan ဖြစ်ချင်လို့ Admin အိမ်အထိလိုက်သွားသူတစ်ဦး ရဲဖမ်းခံလိုက်ရ

25
18 Shares

Facebook Top Fan ဖြစ်ချင်လို့ Admin အိမ်အထိလိုက်သွားသူတစ်ဦး ရဲဖမ်းခံလိုက်ရ

top fan

Top Fan ၊ Top Fan နဲ့ ခဏခဏပြောနေကြတဲ့စကားလုံးလေးကို အားလုံးရင်းနှီးကြမှာပါ။ Top Fan ဆိုတာကတော့ Page တစ်ခုခုက Follower တချို့ကို အသိအမှတ်ပြုကြောင်းပြတဲ့အနေနဲ့ ပေးတဲ့ တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။

Post တိုင်းလိုလိုမှာလည်း Comment တွေလိုက်မန့်ရင် Top Fan တံဆိပ်ကိုရနိုင်ပါတယ်။ Top Fan တံဆိပ်ရတဲ့အခါ ကိုယ့် Comment ဘေးမှာ တံဆိပ်လေးတစ်ခုပေါ်နေတာ ဖြစ်တဲ့အတွက် ကိုယ်ဟာ ဒီ Page ရဲ့ Fan အကြီးစားဖြစ်ကြောင်းကို သူများတွေသိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူကတော့ ဒီလိုတွေးတဲ့ပုံမပေါ်ပါဘူး။

Cookie Baker ဆိုတဲ့ ကြောင်တောင်တောင် အမည်နဲ့လူတစ်ယောက်ဟာ Facebook Page တစ်ခုက Admin တစ်ယောက်ရဲ့ အိမ်ကို ရောက်လာခဲ့ပါတယ်။ Baker ကတော့ Top Fan Badge ကိုရဖို့အကောင်းဆုံးနည်းက အပြင်မှာ တကယ့် Top Fan တစ်ယောက်ဖြစ်လာဖို့ပဲ လို့ဆုံးဖြတ်ခဲ့ပါတယ်။ အပြင်မှာရတဲ့ Top Fan တံဆိပ်ဟာ Facebook ပေါ်က အာပလာ Badge ထက် ပိုသာတယ်လို့ ခံယူထားတဲ့ပုံပါပဲ။

top fan

Baker ဟာ Admin ရဲ့ Email ကို Hack ခဲ့ပြီး Location ကိုရအောင် ရှာခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ Admin ရဲ့ အိမ်ကိုရောက်လာခဲ့တာပါ။ သူ့ရဲ့အိမ်မက်ကတော့ အကောင်းဆုံး Top Fan တစ်ယောက်ဖြစ်လာဖို့ပါပဲ။

Baker ဟာ တံခါးကိုခေါက်ခဲ့ပြီးနောက် Admin ကို သူဟာ Fan တစ်ယောက်ဖြစ်ပြီး Top Fan ဖြစ်ချင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ Admin က ဒီလူဘာတွေပြောနေတယ်ဆိုတာကို ဘယ်လိုမှနားမလည်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ခေါင်းမာလွန်းတဲ့ Baker ကို Admin ကစိတ်မရှည်တော့ဘဲ ရဲတိုင်လိုက်ပါတော့တယ်။

ရဲတွေရောက်လာခဲ့တဲ့အခါမှာတော့ Baker ကို ထိန်းသိမ်းခဲ့ပြီး မေးခွန်းတချို့မေးကာ ပြန်လွှတ်ခဲ့ပါတယ် ။ ဒါတောင်သူက Badge မရမချင်း မပြန်ချင်သေးပါဘူး။ နောက်ဆုံး ရဲတွေထဲကတစ်ယောက်က Baker ကို Top Fan ဆိုတဲ့ စာတန်းလေးတစ်ခုပေးပြီးတဲ့အခါကျမှ ကျေနပ်ပြီး အိမ်ပြန်သွားခဲ့ပါတော့တယ်။ ကဲ….Page Admin တွေလည်းသတိထားကျနော်။

satire သရော်စာဖြစ်ပါသည်။

Facebook Comments
18 Shares