မလေးရှားနိုင်ငံသား က ဖွင့်ထားသည့် ငါးဂိမ်းလောင်းကစားလုပ်နေသည့် အိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

28
1 Shares

မလေးရှားနိုင်ငံသား က ဖွင့်ထားသည့် ငါးဂိမ်းလောင်းကစားလုပ်နေသည့် အိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး၊ မလေးရှားနိုင်ငံသားနှင့် မန်နေရှာ ထွက်ပြေးနေ

gftdsyu

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် ၊ ၇၄ လမ်း နှင့် ၃၂ လမ်းထောင့်ရှိ နေအိမ်တစ်ခုအတွင်းမှ တရားမဝင် ငါးဂိမ်းလောင်းကစားလုပ်နေသည့် အိမ်အား ရဲတပ်ဖွဲ့ ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ဖမ်းဆီးရာ စာရင်းကိုင်များဖြစ်သည့် တင်မင်းစိုး ပါ (၅) ဦးနှင့် တရားမဝင် လောင်းကစားလုပ်နေသည့် ခိုင်သက်ဦး ပါ (၆) ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ငါးဂိမ်းလောင်းကစားရုံထောင်သော မလေးရှားနိုင်ငံသား Tan Yean Onn နှင့် မန်နေဂျာ ရဲထွဋ် တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ရဲတပ်ဖွဲ့ က သိရသည်။

ထို့အပြင် ယင်းတရားမဝင် လောင်းကစားပြုလုပ်နေသည့်အိမ်အတွင်း ငါးဂိမ်းဆော့ဖ်ဝဲ ထည့်သွင်းထားသည့် ကွန်ပျူတာနှင့် ဆာဗာထိုင်ထားသည့်ကွန်ပျူတာ စုစုပေါင်း ကွန်ပျူတာ (၂၄) လုံး ကိုလည်း သိမ်းဆည်းရမိသည့်အပြင် မလေးရှားနိုင်ငံသား Tan Yean Onn ၏ ပတ်စပို့၊ ငွေစက္ကူ ကျပ်သိန်း ၁၀၀ ကျော်နှင့် ဖုန်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

gftdsyu

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ငါးဂိမ်းလောင်းကစားလုပ်နေသည့် မလေးရှားနိုင်ငံသား Tan Yean Onn နှင့် မန်နေဂျာအပါအဝင်၊ ဝန်ထမ်းများ၊ လောင်ကစားပြုလုပ်နေသူများ စုစုပေါင်း ၁၃ ဦးကို ချမ်းအေးသာစံမြို့မ ရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မ ၁၇(က)/၁၈(က) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင် ငါးဂိမ်းလောင်းကစားရုံထောင်သော မလေးရှားနိုင်ငံသား Tan Yean Onn နှင့် မန်နေဂျာ ရဲထွဋ် တို့ကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

Facebook Comments
1 Shares