တရုတ်နိုင်ငံတွင် သေဆုံးသည့် မြန်မာတစ်ဦး၏အလောင်းကို သွားရောက်သယ်ဆောင်သူ ပျောက်ဆုံးနေဟုဆို

165
239 Shares

တရုတ်နိုင်ငံတွင် သေဆုံးသည့် မြန်မာတစ်ဦး၏အလောင်းကို သွားရောက်သယ်ဆောင်သူ ပျောက်ဆုံးနေဟုဆို

fday

တရုတ်နိုင်ငံတွင်အလုပ် လုပ်နေစဉ် သေဆုံးသည့် မြန်မာနိုင်ငံသားတစ်ဦး၏ရုပ်အလောင်းကို မြန်မာဘက်သို့သယ်ဆောင်လာသူတစ်ဦး လမ်းခုလတ်၌ အလောင်းထည့်လာသည့် ကားနှင့်အတူ ပျောက်ဆုံးနေကြောင်း ကာယကံရှင်၏မိသားစုဝင်များနှင့် လူမှုကူညီရေးအဖွဲ့များက ပြောသည်။

တောင်ငူမြို့နယ်ဇာတိဖြစ်ပြီး တရုတ်နိုင်ငံသို့ ပြီးခဲ့သည့်မတ်လက သွားရောက်အလုပ်လုပ်သည့် အသက်(၂၀)အရွယ် မင်းခန့်ကျော်သည် ဇွန်လ ၁၂ ရက် နံနက်အစောပိုင်းက သေဆုံးပြီး တစ်နယ်တည်းသား ကျော်လေး က မင်းခန့်ကျော်၏ရုပ်အလောင်းကို ကားဖြင့် ပြန်သယ်လာခဲ့သည်။

‘‘ပြန်လာမယ်လို့ ဖုန်းဆက်တော့ ကျွန်တော်တို့က ဒီကနေလက်ခံဖို့ နာရေးကားအသင့်ပြင်ထားတာ။ ပြီးတော့ ဖုန်းက ခေါ်မရတော့ဘူး။ ဖုန်းပိတ်ထားတာ မဟုတ်ဘူး။ ခေါ်မရတာ။ ကျွန်တော်တို့ကတော့ တရုတ်ရဲဖမ်း သွားတယ်လို့ထင်တယ်’’ ဟု မူဆယ်မြို့နယ် ကရုဏာလူမှုကူညီ ရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။

ကျော်လေးက ရုပ်အလောင်းကို ပြန်သယ်လာနေပြီး နယ်စပ်ဂိတ်တွင် စောင့်နေရန် နောက်ဆုံးဖုန်းဆက်သည့်အချိန်သည် ဇွန်လ ၁၂ ရက် နံနက် ၇ နာရီဖြစ်သည်။ မြန်မာ-တရုတ် နယ်စပ် ဆင်ဖြူဂိတ်မှ သုံးမိနစ်ခန့် ကားမောင်းလျှင် ရောက်သော ရွှေလီတံတားထိပ်တွင် ရောက်နေကြောင်း ဖုန်းပြောပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားသည်ဟု ဦးသောင်းထွန်းက ပြောသည်။

fday 3

မင်းခန့်ကျော်၏ရုပ်အလောင်းကို သယ်လာပြီဖြစ်ကြောင်းသတင်းရ၍ တောင်ငူမြို့နယ် ဝက်ဖြူကုန်းကျေးရွာမှမိသားစုဝင်များက ၎င်းတို့၏အိမ်တွင်နာရေးအတွက် ပြင်ဆင်ထားစဉ် ယခုအခါ ရုပ်အလောင်းပျောက် ဆုံးနေ၍ အခက်တွေ့နေသည်။

‘‘ပြန်သယ်လာပြီဆိုတော့ ကျွန်တော်တို့က နယ်စပ်ကို သွားဖို့ထွက်လာသေးတယ်။ နောက်တော့ အဆက်အသွယ်ပြတ်သွားလို့ ပြန်လာရတယ်။ အခု ဘယ်လိုက်လို့ ဘယ်လိုလုပ်လို့လုပ်ရမှန်းမသိဘူး’’ဟု မင်းခန့်ကျော် ၏ ဖခင်ဦးစန်းယုက ပြောသည်။

သေဆုံးသူနှင့်အလောင်းသယ်စဉ် ပျောက်ဆုံးနေသူသည် ပြီးခဲ့သည့် မတ်လတွင် တရုတ်နိုင်ငံသို့ ခုနစ်ရက်အလည်အပတ် ဗီဇာဖြင့် ဝင်ရောက်ကာ အလုပ်လုပ်နေသူဖြစ်ပြီး တရားမဝင်နေထိုင်သူများအဖြစ် စာရင်းဝင် နေသည်။ တရုတ်နိုင်ငံရှိ ငါးမွေးမြူရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေစဉ် မင်းခန့်ကျော်သည် ကျန်းမာရေးမကောင်း၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကြားသိထားကြောင်း ဝက်ဖြူကုန်း ကျေးရွာနေဦးထွန်းနိုင်က ပြော သည်။

ပျောက်ဆုံးနေသူနှင့် ရုပ်အလောင်း ပြန်တွေ့ရေး ရွှေလီတွင် နေထိုင်သော မြန်မာအချို့က ရွှေလီအချုပ်ထောင်သို့ သွားရောက်စုံစမ်းရန် ပြင်ဆင်နေသည်။ လူတစ်ဦးနှင့် ရုပ်အလောင်းတစ်ခု ပျောက်ဆုံးနေမှုကို လူမှုကွန်ရက်မှတစ်ဆင့် ကြားသိထားပြီးကာ ယကံရှင်မိသားစုဝင်များကတရားဝင်အကြောင်းကြားပါက ကိုယ်ရေးအချက်အလက်များ စိစစ်၍ တရုတ်ရဲတပ်ဖွဲ့ထံ ပေးပို့တောင်းဆိုမည်ဟု မူဆယ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။

Facebook Comments
239 Shares