နောင်ချိုမြို့နယ် အတွင်း၌ ငွေကျပ်သိန်းပေါင်း ၈ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

169
924 Shares

နောင်ချိုမြို့နယ် အတွင်း၌ ငွေကျပ်သိန်းပေါင်း ၈ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

tra

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၁၁၊ နံနက် ၉ နာရီခွဲ ခန့်တွင် သဲခေါ်ကျေးရွာ၏ အရှေ့ဘက် မီတာ၂ဝဝ အကွာသို့အရောက်၌ ဟိုခိုကျးရွာဘက်မှ ပန်ဘုရား ကျေးရွာဘက်သို့ မောင်းနှင်လာသည့် Tricker အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ

ဆိုင်ကယ်မောင်းနှင်သူ ဟွာမိုင်း ဖေ(ဘ)ဦးစိုင်းကျော်အေးအား WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၁ဝဝဝ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၈ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

tra 1

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများအား ဒိုးပင်ရဲစခန်းသို့ အပ်နှံ၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Facebook Comments
924 Shares