ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သေဆုံး

2491
2K Shares

ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သေဆုံး

YTRW8

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွှန့်သန်းသည် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းအချိန်က ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သေဆုံးခဲ့ကြောင်း သိရသည် ။

ရဲမှူး မျိုးညွှန့်သန်း သည် မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသည်ကို တိတိကျကျမသိရသေးသည့်အပြင် နာရေးကိစ္စနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်မည်ဆိုတာကို မသိရသေးပေ ။

YTRW8 1

အောင်သပြေကျေးရွာသား ဦးထွန်းမြင့်ဝင်း အကျဉ်းထောင်အတွင်း ဒဏ်ရာများနှင့် သေဆုံးသွားခဲ့သည့်ဖြစ်စဉ်နှင့်ပက်သက်၍ တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ အကျဉ်းထောင်တာဝန်ရှိသူများအပါအဝင် ပုသိမ်ကြီးမြို့နယ်စခန်း၊ မြို့မစခန်း၊ ကြာနီကန်ရဲကင်းစခန်းတို့မှ အရာရှိများ၊ တပ်ဖွဲ့ဝင်များကို စီအိုင်ဒီရဲတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း စစ်ဆေးလျှက်ရှိသည်။

Facebook Comments
2K Shares