E.T.S

Every Time Story

အနုပညာသတင်း

မြန်မာပြည်သိန်းတန်ရဲ့ အချစ်ဟာလိုက်လို့ပြေးတာလား အမိုက်စားဗာရှင်း

မြန်မာပြည်သိန်းတန်ရဲ့ အချစ်ဟာလိုက်လို့ပြေးတာလား အမိုက်စားဗာရှင်း

tyoihgdifughd 1
tyoihgdifughd 1

ဒီဖက်ခေတ်ကြီးမှာတော့ ယခင်အချိန်တွေတုန်းကလိုမျိုး သီချင်းကောင်းတွေ နားထောင်ရတာက ရှားသွားပါပြီ။ မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်မှာ ဂီတလမ်းကြောင်းဟာ တဖြည်းဖြည်းနဲ့ သီချင်းကောင်းတွေ ထွက်လာတာကတော့ အလွန်ရှားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေ ရင်ထဲ စွဲကျန်ရစ်စေမယ့် သီချင်းတွေ၊ ခံစားချက်တွေနဲ့ လုံးဝကို ကိုက်ညီတဲ့ သီချင်းတွေကတော့ ဒီဖက်ခေတ်ကြီးထဲမှာ နားထောင်ရဖို့ တော်တော့်ကို ရှားနေပါတယ်။ဒါပေမယ့်လည်း တချို့သော သီချင်းတွေကတော့ ပရိသတ်တွေ နားထဲမှာ စွဲကျန်စေပြီး တကယ့်ကို နာမည်ကြီးနေတဲ့ သီချင်းတွေလည်း ရှိပါတယ်။ ဒီလိုမျိုး သီချင်းတွေထဲမှာမှ ချယ်ရီသင်းဆိုထားတဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင် ဆိုတဲ့ သီချင်းကိုတော့ တော်တော်များများ ကြိုက်ကြမယ် ထင်ပါတယ်။

tyoihgdifughd 3
tyoihgdifughd 3

သီချင်းကတော့ လူအများက အချစ်ဟာလိုက်လို့ ပြေးတာလား ပြေးလို့လိုက်တာလား ဆိုတဲ့ စာသားအပေါ်မှာတော့ အမျိုးမျိုး Troll ကြပေမယ့်လည်း မူရင်းသီချင်းကတော့ တော်တော့်ကို နားထောင်လို့ ကောင်းပါတယ်။ ဒီလိုမျိုး နားထောင်လို့ ကောင်းတဲ့ သီချင်းကိုမှ မြန်မာနိုင်ငံရဲ့ ဝါရင့် ဂီတအဆိုပညာရှင်ကြီး မြန်မာပြည်သိန်းတန်က ပြန်လည်သီဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်သိန်းတန် ပြန်လည်သီဆိုခဲ့တဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ဆိုတဲ့ သီချင်းကတော့ အားပေးသူတွေများပြားခဲ့ပါတယ်။မြန်မာပြည်သိန်းတန်ကိုယ်တိုင်ကလည်း သီချင်းတွေကို ဆိုရာမှာ တကယ့်ကို စိတ်ပါလက်ပါနဲ့ ကွန့်ပြီးဆိုတတ်သလို သူဆိုလိုက်တဲ့ သီချင်းတွေကလည်း ပရိသတ်တွေ တကယ့်ကို အားရကျေနပ်ကြပါတယ်။

tyoihgdifughd 2
tyoihgdifughd 2

လက်ရှိမှာလည်း အန်ကယ်သိန်းတန်ကတော့ အမျိုးသမီးရေးရာ အဖွဲ့ရဲ့ တောင်းဆိုမှုအရ ဒီသီချင်းလေးကို ဆိုပြခဲ့တာ ဖြစ်ပြီး ကြက်သီးထစရာကောင်းလောက်တောင် အောက်ကနေ အားပေးနေကြတာ ဖြစ်ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးအတွက်လည်း ဗီဒီယိုလေးကို ဖော်ပြလိုက်ပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

57 Shares
Share57
Tweet
Share
Pin