E.T.S

Every Time Story

အနုပညာသတင်း

လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရကြောင်းပြောပြလာတဲ့ နေခြည်ဦး

ဆယ်ကျော်သက်အရွယ်က လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရကြောင်းပြောပြလာတဲ့ နေခြည်ဦး

မိန်းကလေး ပရိသတ်များရဲ့ အချစ်တော်၊တစ်ယောက်ဖြစ်သလို Beauty By Naychi ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်သလို သရုပ်ဆောင်တယောက်လည်း ဖြစ်လာတဲ့ နေခြည်ဦးကတော့ သူ ဆယ်ကျော်သက်အရွယ်တုန်းက လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောပြလာခဲ့တာဖြစ်ပါတယ်။

“နေခြည် ပွင့်ပွင့်လင်းလင်းပြောရရင် နေခြည် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်က ဆက်ကျူရယ် Harassment လုပ်ခံခဲ့ရဖူးပါတယ်။ သြင်္ကန်မှာပေါ့။ နေခြည်တို့က ငယ်ငယ်က စစ်တပ်ဆိုတော့ တိုက်တန်းလျားတွေမှာ နေတာပါ။ နေခြည် လမ်းမထွက်ပြီး ရေပက်တဲ့ အချိန်မှာ နေခြည့်နောက်ကနေ ယောကျ်ားတယောက်က နေခြည့်တင်ပါးကို ကိုင်ပါတယ်” “စိတ်ထဲမှာ ကြောက်သွားတာ။

ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်။ အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။ အပျိုဖော်ဝင်တဲ့ အရွယ်ဖြစ်နေပြီ” လို့ နေခြည်ဦးက ပြောပါတယ်။

အဲ့ဒီ အသက်အရွယ်တုန်းက အနှောက်အယှက်ပေးခဲ့တဲ့သူကိုလည်း ရှက်ကြောက်တာကြောင့် မျက်နှာကို မကြည့်ခဲ့ရဘဲ မိဘတွေကိုလည်း မပြောရဲတာကြောင့် စိတ်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဆိုပါတယ်။ “အဲဒီအချိန်က တကယ်ရှက်တယ်။ လှည့်လည်း မကြည့်ရဲဘူး။

သူက ၅ မိနစ်လောက် ကိုင်တဲ့အချိန်မှာ နေခြည် မခံစားနိုင်တော့ဘူး။ နေခြည့် အိမ်ကိုပြေးပြီး နေခြည် တောက်လျှောက် ငိုခဲ့ရတယ်။ မိဘကိုလည်း မပြောခဲ့ရဘူး။ ဘယ်လိုပြောရမှန်း မသိခဲ့ဘူး။ နေခြည့်အဖေကို ပြောလိုက်ရင် သတ်မယ်၊ ဖြတ်မယ် လုပ်မှာပဲ။ဒါပေမဲ့ နေခြည် ဘယ်သူမှန်းလဲ မသိခဲ့ရဘူး။

အဲဒီ စိတ်ဒဏ်ရာက ၃၊ ၄နှစ်လောက်ထိ Carry on လုပ်လာပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။ နောက်ပိုင်းမှာတော့ စာတွေဖတ်ခဲ့ရတဲ့အတွက် အဆိုပါ အချိန်က လူကြီးများကို ပြန်လည် မပြောပြခဲ့ခြင်းဟာ သူ့ရဲ့လိုအပ်ချက်ကြီးတခုလို ဖြစ်နေပြီး နောက်ပိုင်းမှာလည်း နေခြည်ဦးလို ကြုံတွေ့ရတဲ့ ကလေးများအတွက် အများကြီး ကူညီပေးချင်တယ်လို့ ဆိုပါတယ်။

“၁၆ နှစ်၊ ၁၇ နှစ် ရောက်တော့ စာတွေ ဖတ်ခဲ့ရတယ်။ နေခြည် ဒီလို မပြောဘဲနေခဲ့ရတာက နေခြည့် လိုအပ်ချက်တွေပေါ့။ နေခြည့်ကို သင်ပေးမယ့်သူလည်း မရှိဘူး။ ကလေးတွေမှာ Body Safety ပိုင်းကို သင်ပေးဖို့ အများကြီး လိုအပ်ပါတယ်။ နေခြည် ငယ်ငယ်တုန်းက ဘယ်အစိတ်အပိုင်းကို လာကိုင်လို့မရဘူး ဆိုတာ မသိပါဘူး။

အခုအရွယ်မှာ ရင်ဘတ်ကို လာကိုင်ရင် ပါး ပြန်ရိုက်မှာပါ”“ဒါပေမဲ့ ကလေးတွေမှာ ဒီလိုအစိတ်အပိုင်းတွေကို လာကိုင်ရင် ဘာပြန်လုပ်ရမှန်း မသိပါဘူး။ ကလေးတယောက်မှာ No လို့ ပြောဖို့အတွက် ခက်ခဲပါတယ်။ သူတို့မှာ အတွေ့အကြုံတွေ ဗဟုသုတတွေ မရှိပါဘူး။ နေခြည် အများကြီး လုပ်ပေးချင်ပါတယ်”လို့ နေခြည်ဦးက ပြောပြလာခဲ့ပါတယ်…

Facebook Comments

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin